Channel Myanmar

Joey Naber

Executive Decision(1996)
Executive Decision(1996)  Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie

Executive Decision(1996)

The Librarian: Return to King Solomon’s Mines (2006) 6.3
The Librarian: Return to King Solomon’s Mines (2006) အင်ဒီယာနာဂျုံးတို့ အလန်ကွာတာမိန်းတို့လို မှော်စွန့်စားခရီးသွားဇာတ်ကားတစ်ကားပါပဲဒီဇာတ်ကားကတော့ ဆော်လမွန်သိုက်ဒဏ္ဏာရီကို အခြေတည်ထားပါတယ်...ဖလင်းဟာ အစွမ်းထက်တဲ့ရှေးဟောင်းပစ္စည်းတွေကို မသမာသူတွေလက်ထဲမရောက်အောင် ကာကွယ်ထိန်းသိမ်းပေးတဲ့ စာကြည့်တိုက်မှူးတစ်ယောက်ပါ၊၊ တစ်နေ့သူ့ဆီကို စာလိပ်တစ်စောင်ရောက်လာပါတယ်၊ မကြာခင်မှာပဲ သူ့တိုက်ခန်းကို လူတစ်ယောက်ကဝင်မွှေကာ ခိုးယူသွားခဲ့ပါတယ်။ဒီအကြောင်းကို သူ့အထက်လူကြီး ဂျက်ဆန်ကိုပြောပြရင်းနဲ့ ထိုစာလိပ်ဟာ ဆော်လမွန်သိုက်မြေပုံမှန်း ဖလင်းတစ်ယောက်သိလိုက်ရပါတယ်၊၊ ဆော်လမွန်သိုက်ထဲမှာ ရတနာတွေအပြင် အရမ်းအစွမ်းထက်တဲ့ ဂန္ဘီရစာအုပ်တွေလည်းရှိနေတာမို့ မသမာသူတွေလက်ထဲမရောက်အောင် ဖလင်းတစ်ယောက် အစွမ်းကုန် ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။IMDB 6.3 ရထားတဲ့ ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်ခရီးသွားစွန့်စားခန်းတစ်ကားဖြစ်လို့ ကြည့်ရသူတွေ အပျင်းပြေမှာ အမှန်ပါပဲ။ File size…(1.5 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:32:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

The Librarian: Return to King Solomon’s Mines (2006)