Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Johanna Putnam
Nightmare Man (2006)
အယ်လင်ဟာ သူနဲ့ခင်ပွန်းဖြစ်သူ ဝီလီယမ်တို့ကြား သားသမီးမထွန်းကားတဲ့ပြဿနာကိုဖြေရှင်းရာမှာ အထောက်အကူရစေဖို့အတွက် ရောမကနေအာဖရိကဖြစ် မျက်နှာဖုံးတစ်ခု မှာယူခဲ့ပါတယ်။ ဖြစ်ချင်တော့ မှာလိုက်တဲ့မျက်နှာဖုံးမဟုတ်ဘဲ မိစ္ဆာရုပ်မျက်နှာဖုံးကြီးဖြစ်နေရာက အယ်လင့်ကိုဝင်ပူးပြီးအိပ်မက်ဆိုးများနဲ့ ခြောက်လှန့်ပါတော့တယ်။ နေ့စဉ်အမျှ ထင်ယောင်ထင်မှားဖြစ်တဲ့အာရုံတွေကြောင့် အယ်လင့်ခင်ပွန်းဝီလီယမ်ဟာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့အယ်လင့်ကိုပြသခဲ့ပြီး စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရကြောင်း ရောဂါအမည်တပ်ခဲ့ပါတယ်။ နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ အယ်လင်ဟာ ရောဂါသက်သာလာသလိုရှိပေမယ့် အလျှင်းမပျောက်သေးတာကြောင့် စိတ်ကျန်းမာရေးဆေးရုံတင်ကုသဖို့ ဝီလီယမ်နဲ့ အယ်လင်တို့ ဇနီးမောင်နှံနှစ်ဦးတည်း တောလမ်းခရီးထွက်လာခဲ့ကြပါတယ်။လူသူဝေးတဲ့နေရာရောက်မှ ဆီကုန်လို့ကားထိုးရပ်သွားပြီး ဝီလီယံက ဆီသွားရှာတာကြောင့် တောနက်ကြီးအလယ်မှာအယ်လင်ဟာ ကားထဲမှာမျက်နှာဖုံးနှင့်နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကစပြီး လျှို့ဝှက်သည်းဖိုအဖြစ်အပျက်များ ဆက်တိုက်ကြုံတွေ့ရပါတော့တယ်။အယ်လင့်ရဲ့အိပ်ဆက်ဆိုးတွေထဲက မိစ္ဆာကောင်ဟာ မျက်နှာဖုံးကြောင့်ဖြစ်မလား..အယ်လင်ဟာတကယ်ပဲ စိတ်ကစဉ့်ကလျားဝေဒနာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား..စိတ်ကစဉ့်ကလျားဝေဒနာသည်နှင့် ကြာရှည်ပေါင်းသင်းလာရတဲ့ ဝီလီယံဟာအယ်လင့်ဝေဒနာကို ပျောက်ကင်းအောင်လုပ်နိုင်ပါ့မလား...ဆိုတာNightmare Man ဇာတ်ကားမှာရှုစားကြရမှာဖြစ်ပါတယ်။Horror Thriller အမျိုးအစားဖြစ်ပြီး R အဆင့်သတ်မှတ်ချက်အရ သွေးထွက်သံယိုနှင့်ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် ကလေးသူငယ်များနှင့်မိသားစုအလိုက်ကြည့်ရှုရန် မသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ File size…1.62GB / 688MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ...
movie
Nightmare Man (2006)