Channel Myanmar

John Ales

American Fiction (2023) 7.8
American Fiction (2023) American Fiction (2023)~ IMDb - 7.8/10, RT - 94%, Meta - 81% ~Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက ...
movie

American Fiction (2023)

2023
4K HEVC
The Blind (2023) 6.1
The Blind (2023) The Blind(2023) ============ Drama., Biographyအမေရိကန် တီဗီစတား ဖေးလ်ရောဘတ်ဆန်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ် ဖေးလ်ဟာ နာမည်ကြီးတစ်ယောက်မဖြစ်ခင်က အရမ်းဆိုးသွမ်းပြီး မိသားစုမှာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယေဦက်ဖြစ်ခဲ့ပါတယ် သူ့ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် မိန်းမ၊ ကလေး ၃ ယောက်နဲ့လည်း ကွဲခဲ့ရပြီး တောထဲမှာ တစ်ယောက်ထဲ အမဲလိုက်မူးရူးနေတဲ့ အရူးကြီးတစ်ယောက်အထိဖြစ်ခဲ့ပါတယ်... ဘာသာရေးဆရာတစ်ဦးနဲ့တွေ့ပြီး ယေရှုဆီမှာ အပြစ်ဝန်ခံဆေးကြောသန့်စင်ပြီးမှ လူကောင်းတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်လာကာ အောင်မြင်တဲ့လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် တီဗီစတားတစ်ယောက် ဖြစ်လာခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... Aaron
movie

The Blind (2023)

2023
Who Are You People (2023) 4.9
Who Are You People (2023) Who Are You People (2023) =====================မိသားစု ဆွေမျိုးတွေကြားထဲမှာ စ'နေကျစကားရှိတယ်လေ။ နင့်ကိုမွေးစားထားတာ နင့်ကိုဘယ်ကကောက်ရလာတာဆိုပြီး။ မိဘတွေနဲ့အဆင်ပြေ၊ ဘာပြဿနာမှမရှိတဲ့ ကလေးအတွက်တော့ ဒီစကားက စနောက်ရုံသက်သက်ထက်မပိုပေမဲ့ သားသမီးချင်း အတူတူ အချစ်မခံရတဲ့ ကလေးအတွက်ကျ ဒီလိုမျိုး စနောက်မခံရဘဲနဲ့တောင် ငါက သူတို့ကလေးမှဟုတ်ရဲ့လားလို့ အတွေးဝင်သွားတတ်တယ်။အဲလက်က သမီးအကြီးဆုံး။ သူ့အောက်မှာ အမြွှာညီမနှစ်ယောက်ရှိတယ်။ ငယ်ငယ် လေးကတည်းက အဖုအထစ်တွေရှိလာတဲ့ မိဘနဲ့သားသမီးကြားဆက်ဆံရေးမှာ အဲ လက်၁၆နှစ်အရွယ်ရောက်တော့ ပိုဆိုးကုန်တာပေါ့။ အရွဲ့တိုက် ကလန်ကဆန်လုပ် တတ်တဲ့အရွယ်မှာ အဖေဖြစ်သူက ဒေါသအိုး၊ အမေကလည်း စိတ်မရှည်တဲ့သူမျိုး ဆိုတော့ ဒီအဖေအမေနဲ့ သမီးက အမြဲတမ်းတကျက်ကျက်ပါပဲ။ အဲလက်ရဲ့ အမြွှာညီမ နှစ်ယောက်ကတော့ အဖေအမေရဲ့ အသည်းကျော်လေးတွေပါ။ သူတို့နှစ်ယောက်ကို ရဖို့ ဆရာဝန်တွေနဲ့ ဘယ်လိုတွေ့ခဲ့ရကြောင်း ဘယ်လိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ကလေးတွေဖြစ်ကြောင်းကို ပုံပြင်ပြောသလို တဖွဖွပြောနေတော့ သမီးကြီးဖြစ်တဲ့ အဲလက် ရင်ထဲမှာ သံသယမျိုးစေ့တွေ အညှောက်ပေါက်လာပါတယ်။ဒီမျိုးစေ့တွေ ကြီးထွားလာအောင် ရေလောင်းပေးလိုက်တာကတော့ အဲလက်အမေ သိမ်းထားတဲ့ စာတစ်စောင်ကြောင့်ပါ။ အဲလက်မမွေးခင်ခြောက်လအလိုမှာ ကားလ်ဆိုတဲ့ အမျိုးသားတစ်ယောက်က အဲလက်အမေဆီပို့ထားတဲ့တောင်းပန်စာ။ ဒီစာကြောင့်ပဲ အဲလက်က ကားလ်ဆိုတာ ...
movie

Who Are You People (2023)

2023
Who Are You People(2023) 6.7
Who Are You People(2023) Who Are You People(2023)************************မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကိုသူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီကစာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ... အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ...လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းကတကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား.. သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။File Size :(1.9GB) and (675MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae   
movie

Who Are You People(2023)

The Nutty Professor (1996)
The Nutty Professor (1996) 1996 ကထွက်ရှိခဲ့တဲ့ နာမည်ကျော်ဟာသမင်းသားကြီး Eddie Murphy ရဲ့ Comedy ဇာတ်ကားလေးပါ။ ထူးချွန်ထက်မြတ်ပေမယ့် မျိုးရိုးအလိုက် အ၀လွန်နေတာကြောင့် စိတ်ဓာတ်ကျနေတဲ့သိပ္ပံပညာရှင် ရှားမန်းဟာ သူ့ဉာဏ်ရည်ဉာဏ်စွမ်းကိုအသုံးချပြီး ၀စေတဲ့ဗီဇကိုပြောင်းစေတဲ့ ဆေးရည်ကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒီဆေးရည်ကိုအသုံးချပြီး ရှားမန်းလည်း အရင်ကမရခဲ့တဲ့လေးစားမှု ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားရာကနေ ဆေးရည်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် တလွဲတွေဖြစ်ကုန်ရပါတယ်။ ၁၉၉၀ ကျော်ကထွက်ရှိတဲ့ Eddie Murphy ကားထုံးစံအတိုင်း၀က်၀က်ကွဲရယ်ရတဲ့ကားလေးဖြစ်ပြီး Jada Pinkett, James Coburn နဲ့ Dave Chappelle တို့လည်းပါ၀င်ထားပါတယ်။File size…(902.69MB)  / (764MB)  Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Romance /Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

The Nutty Professor (1996)

Spy Hard (1996) 5.4
Spy Hard (1996) Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။  File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

Spy Hard (1996)