Channel Myanmar

John Benfield

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

Cassandra’s Dream (2007) 6.6
Cassandra’s Dream (2007)   တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Cassandra’s Dream (2007)

The Best Offer(2013) 7.8
The Best Offer(2013) The Best Offer(2013)==================The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss ...
movie

The Best Offer(2013)

101 Dalmatians 1996 5.7
101 Dalmatians 1996 ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့ ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားရဲ့ထားခြားချက်ကို ပြောရမယ်ဆိုရင်တော့ ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ် ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေ ဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ် ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့ သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ် ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးမြင်ကြရမှာပါ အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ File size…(1.5 GB) and (1 Gb) Quality….BluRay 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Htet Wai Lwin  
movie

101 Dalmatians 1996

Cold Skin (2017) 5.9
Cold Skin (2017) သူ့ဘဝစစ်ပွဲထဲမှာ ပိတ်မိနေတဲ့ လူငယ်လေးတစ်ယောက်ကို လူသူဝေးရာကျွန်းကို အပို့ခံလိုက်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်အမှန်တရားတွေ လူ့စိတ်ထဲမှာ ငုပ်လျိုးနေတဲ့ကြောက်စိတ်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ သိပ္ပံအထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေလဲ ပါဝင်ထားတာဖြစ်လို့ ဘာမှလုပ်စရာမရှိလို့ စိတ်လေပြီး ပျင်းနေတယ်ဆိုတဲ့လူတွေအတွက် စိတ်ဝင်စားစရာသင့်လျော်တဲ့ကားလေးပါ။မင်းသမီးက အသိဉာဏ်ရှိတဲ့ လူမဟုတ်ပေမဲ့ ကြင်နာမှုကိုတော့ ဘယ်သတ္တဝါမဆိုခံစားတတ်တယ်ဆိုတာကို သေချာလေးရိုက်ပြပေးထားတဲ့ တကယ့်ကားကောင်းလေးပါ။ဇာတ်အိမ်ဖွဲ့ထားတာလေးက တခြားကားတွေနဲ့မတူဘဲ တကယ်ထူးထူးခြားခြားလေးဖြစ်လို့ ကြည့်သင့်တဲ့ကားကောင်းလေးပါလို့……(ဇာတ်လမ်းအညွှန်းဘာသာပြန်သူကတော့ မေသူရလွင်ပါ) File Size : (950 MB) and (329 MB) Quality : Blu-Ray 720p Running Time : 1h 48min  Format : Mp4 Genre : Adventure, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DD5.1-FGT Translated by May Thura Lwin Encoded by Thanhtike Zaw
movie

Cold Skin (2017)

2017