Channel Myanmar

John Bergen

25th Hour(2002) 7.6
25th Hour(2002) 25th Hour(2002)IMDb...7.6,,,Rotten...78%New Yorkမြို့ပေါ်က မူးယစ်ဆေးရောင်းချသူ မွန်တီဘရိုဂန်လို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်...သူဟာ အချိန်အတော်ကြာဒီလောကထဲကျင်လည်ခဲ့ပြီး ပိုက်ဆံတွေတော်တော်များများစုမိဆောင်းလာလို့ပဲလားချစ်သူတစ်ယောက်ရခဲ့လိုပဲလားမသိ... မူးယစ်ဆေးရောင်းချသူအဖြစ်ကနေ နှုတ်ထွက်ပြီး အေးဆေးပဲနေတော့တယ်...အေးဆေးနေတဲ့အချိန်ရောက်မှ တစ်နေ့တော့ရဲတွေ သူ့အိမ်ကိုရောက်ချလာတယ်..ဖမ်းဝရမ်းလည်းပါသလို ပိုက်ဆံတွေမူးယစ်ဆေးတွေကို အလွယ်တစ်ကူရှာတွေ့ပြီးဖမ်းဆီးခဲ့တယ်...ကြည့်ရတာ တစ်ယောက်ယောက်ချောက်ချလိုက်ပုံပါပဲ...ထောင်(၇)နှစ်ကျဖို့ အမိန့်ချပြီး မွန်တီအတွက် တစ်ရက်အချိန်ရခဲ့တယ့်..နောက်နေ့မတိုင်မီဆိုတော့ပြောရရင် ၂၅နာရီပေါ့...ဒီအချိန်အတွင်း သူဘာတွေလုပ်မလဲဆိုတာကိုတော့...ဒီကားထဲက မင်းသားကြီး  Edward Norton ကို အတော်များများသိကြမှာပါ...ဗီလိန်ခန်းဆို ကြည့်နေတဲ့TVပြေးရိုက်ခွဲချင်လောက်အောင် ပီပြင်လှသလို၊ သနားစရာဇာတ်ရုပ်ဆိုလည်း အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုတော်လွန်းလှတာသိကြမှာပါ...ဆုကြီး(၄)ဆုရရှိထားတဲ့ကားမို့ ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.04 GB) and (384 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie

25th Hour(2002)