Channel Myanmar

John Cothran

The Cell (2000) 6.4
The Cell (2000)  ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ...။သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာအော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီးရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ...။Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်းအရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibeကိုလည်းခံစားရဦးမှာပါ....၊ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်...သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာတစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ...။ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး...။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတောအဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်...။အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား...၊ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့....။အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကိုတစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။  File size…1.90 GB / 840 MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie

The Cell (2000)

[18+] Black Snake Moan (2006) 6.9
[18+] Black Snake Moan (2006) Black Snake Moan (2006)~ IMDb - 6.9/10, Rotten Tomatoes - 66% ~ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့‌ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ...
movie

[18+] Black Snake Moan (2006)

2006
Kiss the Girls (1997) 6.6
Kiss the Girls (1997) ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie

Kiss the Girls (1997)

Rango (2011) 7.2
Rango (2011) [Unicode]2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ ...
movie

Rango (2011)

Get Shorty (1995) 6.9
Get Shorty (1995) Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie

Get Shorty (1995)