Channel Myanmar

John Cusack

River Runs Red (2018) 5.8
River Runs Red (2018) ကျွန်တော်တို့အားလုံးရဲတွေရဲ့ လုပ်ငန်းတာဝန်ကိုသိကြပါတယ် လူဆိုးတွေဖမ်းမယ် ပစ်သင့်ရင်ပစ်မယ်.. ရဲတွေကလူဆိုးတွေကိုပစ်တာ ခတ်တာ ကျွန်တော်တို့အများကြီး ကြည့်ဖူးကြပါပြီ တကယ်လို့ရဲတွေက လူဆိုးမဟုတ်တဲ့သူတွေကို ပစ်မိရင်ရော ဒီမေးခွန်းကိုဒီကားမှာမေးပြထားပါတယ် ချားလ်ကိုးမန်းက သူတို့မြို့ရဲ့ ပထမဆုံးလူမည်းတရားသူကြီးတစ်ယောက်ပါ တရားသူကြီးဖြစ်လာဖို့သူကြိုးစားခဲ့သလို့တစ်ဖက်မှာလဲ သူ့ရဲ ဇနီးချောတရုတ်မလေးနဲ့ သူ့သား စီဂျေကိုးမန်းဂျူနီယာလေးကလဲ သူရဲ့ ကြိုးစားရတဲ့အားဆေးတွေပါပဲ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ ကလေးမွေးခဲ့တဲ့ ချားလ်ကသူ့ဘဝကိုသူပြန်တည်ဆောက်ပြီး တရားသူကြီးဖြစ်လာသည်အထိကြိုးစားခဲ့တဲ့သူတစ်ယောက် ဒီလိုနဲ့ သားလေးကသူ့ရဲ့ အကယ်ဒမီပထမဆုံးသွားရတဲ့နေ့မှာပဲ ရဲဝန်ထမ်း၂ယောက်ရဲ့ မှားယွင်းပစ်ခတ်မှုကိုခံရပြီးသေဆုံးသွားခဲ့ပါတယ်.. မှားယွင်းပစ်ခတ်ခဲ့တဲ့ရဲ၂ယောက်ကလဲ သူတို့အမှားကိုတာဝန်မယူဘဲ စီဂျေကပဲသူတို့ကိုသေနတ်နဲ့ပစ်မလိုလုပ်လို့ ပြန်ပစ်ရတာပါဆိုပြီး လုပ်ကြံထွက်ဆို အကွက်ပြန်ဆင်လိုက်ပါတယ် ဥပဒေအကြောင်းသိတဲ့ရဲရဲ့ အကွက်စေ့တဲ့ လုပ်ကြံမှုကိုတရားဥပဒေက မဖြေရှင်းပေးနိုင်တဲ့အခါ ကိုးမန်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ.. ဒီမြို့မှာသားကိုရဲသတ်တာခံရတဲ့ သူက တစ်ယောက်ထဲရောဟုတ်ရဲ့လား.. ဆိုတာကိုတော့ ဇတ်ကားကိုကြည့်ရှုပြီးခံစားလိုက်ပါ.. Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

River Runs Red (2018)

2018
Identity(2003) 7.3
Identity(2003) Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အ၀စူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက်  ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  ညီမငယ် JtheKoala  ...
movie

Identity(2003)

2003
Distorted (2018) 4.2
Distorted (2018) ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလားသူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by d3mon Encoded by Thanhtike Zaw
movie

Distorted (2018)

2018
Singularity 5.4
Singularity   ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်.... ထူးချွန်တဲ့သိပ္ပံပညာရှင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့နည်းပညာတွေကိုတိုးမြှင့်ဖို့အတွက် အကောင်းဆုံးဆိုတာကိုလုပ်ဆောင်ချင်လာကြပါတယ်... ဒါကြောင့်လည်း သူတို့ရဲ့အကောင်းဆုံးပေးဆပ်မှု့တွေကိုခံစားဖို့အတွက် အဆုံးဆိုးနဲ့ သဘာဝတရားကြီးကိုဖျက်ဆီးနေကြတာ လူသားတွေဆိုတာကို ယုံကြည်လာကြပါတယ်... တစ်နေ့မှာတော့ သူတို့ရဲ့အကြီးမားဆုံးတီထွင်မှု့အတွက်သူတို့အသက်တွေကိုပေးဆပ်လိုက်ကြပြီး မကောင်းဘူးလို့သတ်မှတ်ထားခဲ့ကြတဲ့လူသားမျိုးနွယ်ကို တစစီဖျက်ဆီးခဲ့ပါတယ်... ခံစားချက်ရှိပြီး ဆိုးရွားတာတွေကိုပဲလုပ်နေတဲ့လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကိုအစားထိုးပြီး ကမ္ဘာကိုသာယာအောင်ဖန်တီးနိုင်ကြမယ်လို့လည်းသူတို့ယူဆခဲ့ကြပါတယ်.... ဒါကြောင့်လည်း လူသားမျိုးနွယ်ကိုဖျက်ဆီးပြီး လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကို အစားထိုးခဲ့ပါတယ်... သူတို့ဟာဥာဏ်ကြီးရှင်တွေဖြစ်တဲ့အတွက် ထာဝရမသေဆုံးနိုင်တဲ့ အရာတွေအဖြစ်တည်ရှိနေကြပြီး နောက်ဆုံးကျန်တဲ့ လူသားမျိုးနွယ်များရှိတယ်လို့ယူဆရတဲ့ မြို့လေးတစ်မြို့ကို သူတို့ရဲ့နည်းပညာမြင့် စက်ရုပ်တစ်ရုပ်နဲ့အစားထိုးပြီး သွားရောက်ဖျက်ဆီးဖို့ကြိုးစားကြမှာပဲဖြစ်ပါတယ်... ဒီကားလေးထဲမှာပေးချင်တဲ့ အချက်ကတော့ သူတို့ယူဆချက်တွေဟာတချို့တ၀က်သာမှန်ကန်ခဲ့ပါတယ်... နောက်ပြီးလူသားတိုင်းပဲ ခံစားချက်ရှိတာမဟုတ်ပါဘူး... လူသားမဟုတ်တဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်တောင် အချစ် ဆိုတဲ့ထူးဆန်းတဲ့အရာနဲ့ကြုံတွေ့လာတဲ့အခါ ပြောင်းလဲမှု့တချို့ဟာစတင်လာခဲ့ပါတော့တယ်.... ဒါကြောင့် သိပ္ပံကားထူးထူးဆန်းဆန်းလေးနဲ့ စက်ရုပ်ကားတွေကြိုက်တဲ့လူတွေအတွက်ကတော့ အတိုင်းတာတစ်ခုထိစိတ်ကျေနပ်မှု့ရစေမယ့် ကားလေးဖြစ်ပါတယ်....   File Size : (794MB) and (275 MB) Quality : 720p Web DL Running Time : 1hr 32min Format : Mp4 Genre :Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p Web DL Translated by Thet Htar Phyu Encoded by ...
movie

Singularity

2017
Dragon Blade (2015) 6.0
Dragon Blade (2015) သရုပ်ဆောင်  Jackie Chan  နဲ့  Super Junior  အဖွဲ့ဝင် Choi Siwon တို့ရဲ့ ရုပ်ရှင်ကားသစ်  “Dragon Blade,”  ကို ကိုရီးယားနိုင်ငံမှာ မတ်လ ၁၂ရက်နေ့ မှာ စတင် ရုံတင်ပြသမှာ ဖြစ်ပါတယ်။အဆိုပါ နာမည်ကြီး သရုပ်ဆောင်နှစ်ယောက်ရဲ့ ပရိသတ်တွေဟာဇာတ်လမ်းသစ်ကို  စိတ်ဝင်စားမှု အရမ်း ရှိနေကြပြီး နာမည်ကြီးဝါရင့် သရုပ်ဆောင်တွေ ဖြစ်တဲ့  Li Bingbing, John Cusack, နဲ့ Adrien Brody တိုပလည်း ပါဝင်အားဖြည့် ကူညီာကမှာ မို့ တရုတ်ပြည် တစ်လွှားနဲ့ ကိုရီးယား ပရိသတ်တွေပါ မျှော်လင့်လျှက်ရှိနေကြပါတယ်။“Dragon Blade”  ကတော့ တရုတ်ပြည် ဟန်မင်းဆက်ခေတ်ကို နောက်ခံထားကာ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ရာထူးချထားခြင်း ခံရတဲ့ တရုတ်စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ တရုတ်ပြည်မြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်လာတဲ့ ရောမစစ်ဗိုလ်ချုပ်တို့ကြား ခင်မင်မှုကို ...
movie

Dragon Blade (2015)