Channel Myanmar

John Di Domenico

30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)
30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)  နဂါးပုံတက်တူးနဲ့ကောင်မလေးရဲ့ကိုယ်ထဲက နတ်ဆိုးနဲ့ သဘာလွန်ဖြစ်ရပ်‌တွေရဲ့ ညပေါင်း ၃၀ ဆိုတဲ့ ၂၀၁၃တုန်းကထွက်ရှိထားတဲ့ ပေါက်တတ်ကရ ဟာသရုပ်ရှင်ဖြစ်ပါတယ်။အယ်ရန်ဂေလန်နဲ့ ဒေနာဂေလန်တို့ဟာ လင်မယားနှစ်ယောက်ပါ။ လစ်ဇ်ဂေလန်ကတော့ နဂါးပုံတက်တူးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေတပုံတပင်နဲ့ အယ်ရန်ဂေလန်ရဲ့မယားပါသမီးပါ။ဒီလိုနဲ့ သူတို့မိသားစုဟာ ဒေနာဂေလန် ငယ်စဉ်ကကြီးပြင်းခဲ့တဲ့နေအိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ထူးခြားတဲ့အရာတစ်ခုကတော့ အိမ်ရဲ့မြေအောက်ခန်းထဲမှာ ဒေနာရဲ့အဖေဟာ ရုပ်ရှင်အဖွဲ့တစ်ခုလုံးကို အပနှင်ရင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဒေနာအနေနဲ့ ဒီကိစ္စသိရှိထားပြီး သူတို့မိသားစု အဲဒီနေအိမ်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ အိမ်မှာ ထူးဆန်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာတဲ့နောက်မှာတော့ သူတို့မိသားစုအနေနဲ့ ဘယ်လိုဆက်ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ညစ်တီးညစ်ပတ် ပေါက်လွတ်ပဲစား အခွီဟာသတွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဟိုဒင်းဟိုဟာအခန်းတွေ ညစ်ပတ်ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့ သတိပြုပေးပါ) File size…(724 MB) Quality….Webrip 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)

Meet the Spartans (2008)
Meet the Spartans (2008) Meet the Spartans (2008)ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ ...
movie

Meet the Spartans (2008)

2008