Channel Myanmar

John Hughes

The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)

Nineteen Eighty-Four (1984) 7.1
Nineteen Eighty-Four (1984) 1984(1984) ======== IMDb Rating .... 7.1/101984ရုပ်ရှင်ဟာ စာအုပ်ကိုအရမ်းသစ္စာရှိတဲ့ ရုပ်ရှင်လို့ဆိုကြတော့ နိုင်တီးအိတ်တီဖိုးရဲ့ မူလစာရေးဆရာဖြစ်တဲ့ ဂျော့အော်ဝဲလ် အကြောင်းပြောတာပဲ ပိုကောင်းပါမှာပါပဲ။ ဂျော့အော်ဝဲလ်ဟာ မြန်မာပြည်မှာ နေသွားဖူးခဲ့တဲ့ ကမ္ဘာကျော်ဂန္တဝင် စာရေးဆရာ၊ မြန်မာပြည်နဲ့ပက်သက်တဲ့ Burmese Daysလို့ခေါ်တဲ့စာအုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ ပဝေဏသီကတည်းက သခင်ဘသောင်းဘာသာပြန်ထားတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးခေါ် Animals Farmကို စာပေနဲ့မစိမ်းတဲ့သူတွေ ဖတ်ဖူးကြမှာပါပဲ။ ထိုစာအုပ်မှာလည်း အော်ဝဲလ်ဟာ လက်ဝဲစနစ်ထဲက လျှိုဝင်လာတဲ့ အာဏာရှင်ဝါဒကို သရော်စာဆန်ဆန် ပုံဖော်ထားခဲ့တယ်။ ဒီ1984ကတော့ သူ့ရဲ့Classicတန်းဝင်လက်ရာ မာစတာပိစ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။၁၉၈၄ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်းဆိုကြတယ်။ ဒီရုပ်ရှင်ဟာလည်း စာအုပ်ကိုသစ္စာရှိစွာနဲ့ ရိုက်ထားတယ်လို့ ဝေဖန်ရေးသမားများက ဆိုပါတယ်။ ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ပေမဲ့ သူ့စာတွေဟာ သူပြောသလို အနုပညာရော နိုင်ငံရေးရော ပါဝင်နေတဲ့ အကောက်အယူလွဲကြတဲ့အခါ သူ့စာတွေကို ဆိုရှယ်လစ်ကိုဖိနှိပ်ဖို့ အသုံးခံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ သူ့တစ်ချို့စာတွေဟာ ခေတ်ရှေ့ပြေးလွန်းတာကြောင့် ဖော်ပြဖို့ငြင်းခဲ့တဲ့သူတွေတောင် နောက်ပိုင်းနှစ်အတော်ကြာမှာ ပြန်တောင်းပန်ခဲ့ရတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ အနုပညာရည်မှန်းချက်ကို ပေါ်လွင်အောင်ရေးချင်ခဲ့တဲ့သူပါ။ ၁၉၃၆ခုနှစ်ကတည်းကစ သူအလေးအနက်ရေးတာမှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကြွင်းမဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ဘက်က ...
movie

Nineteen Eighty-Four (1984)