Channel Myanmar

John Kavanagh

Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
Alexander (2004) 5.6
Alexander (2004) Alexander (2004)ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ...
movie

Alexander (2004)

The Invisible Woman(2013) 6.2
The Invisible Woman(2013) The Invisible Woman (2013)=======================Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန်ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်းလှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမကသူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်းချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီးသားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာသူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်းဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ်ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရောအချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Invisible Woman(2013)

Conor McGregor: Notorious(2017) 7.1
Conor McGregor: Notorious(2017) Conor McGregor: Notorious(2017) အညွှန်း*************************************Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကိုမကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီးသတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်..Conor McGregor ဆိုရင် အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ် နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။File Size :(1.8GB) (908MB) and (271MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:30:00 Genre : Documentary , Biography , Sport Subtitle : Myanmar Subtitle ...
movie

Conor McGregor: Notorious(2017)

Riverdance: The Animated Adventure (2021) 5.5
Riverdance: The Animated Adventure (2021) ချစ်စရာ ကာတွန်းကားလေးတစ်ခုတင်ဆက်ပေးထားပါတယ်။ Magical Fantasy အမျိုးအစားပါပဲ။ ကီဂန်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိဘမရှိလို့ အဖိုးနဲ့အဘွားက မွေးစားထားခဲ့ရတာပါ။ သူ့ရဲ့အဖိုးကတော့ မီးပြတိုက်စောင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ပြီးတော့ အဘိုးကအမြဲပြောတယ်၊ မီးပြတိုက်ရဲ့အလင်းရောင်ဟာ အမှောင်ထုကြီးကို သယ်ဆောင်လာမယ့် မုဆိုးကြီးကို အမြဲဟန့်တားပေးနေတဲ့ အရာပါပဲတဲ့။ မီးပြတိုက်အလင်းရောင်သာ မရှိတော့ရင် မုဆိုးကြီးဟာ မှော်သမင်ကြီးတွေကို လိုက်ဖမ်းလိမ့်မယ်၊ မှော်သမင်ကြီးတွေသာ မရှိတော့ရင် မြစ်တွေလည်း ရေတွေခန်းခြောက်ပြီး သက်ရှိတွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်တဲ့။ ကီဂန်လေးက ဒါကို ပုံပြင်လိုပဲ သဘောထားပြီး မယုံခဲ့ပေမဲ့ တစ်နေ့မှာတော့ အဘိုးကိုယ်စား မီးပြတိုက်ကို မီးထွန်းဖို့ ပျက်ကွက်ခဲ့တဲ့အခါ....အကအလှလေးတွေ ရယ်စရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ရှင်ဖြစ်လို့ ကလေးရော လူကြီးရော သဘောကျကြမယ်ထင်ပါတယ် File size…(1.7 GB)/(700 Mb)/(350 Mb) Quality….HDrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Animation, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Riverdance: The Animated Adventure (2021)

The Last Duel (2021) 18+ Rated 7.7
The Last Duel (2021) 18+ Rated ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie

The Last Duel (2021) 18+ Rated