Channel Myanmar

John-Paul Pace

Paul, Apostle of Christ (2018) 6.6
Paul, Apostle of Christ (2018)  ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies ...
movie

Paul, Apostle of Christ (2018)

Deep Fear (2023) 5.5
Deep Fear (2023)  Deep Fear (2023) ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင်Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ Englishသရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးကငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံးဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာသင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲသူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကိုရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီးရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကိုသဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ်ကြည့်သင့်တဲ့ ...
movie

Deep Fear (2023)