Channel Myanmar

Johnny Nilsson

Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Green Zone (2010)