Channel Myanmar

Johnny Otto

Man of Steel (2013) 7.1
Man of Steel (2013) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Man of Steel (2013)

2013
4K HEVC
Jurassic World (2015) 6.9
Jurassic World (2015) GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲကဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သောဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကိုစမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက်ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာသူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ...
movie

Jurassic World (2015)

2015
4K HEVC
Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
The Double (2011) 5.9
The Double (2011)  Hachi A dog's tale, Unfaithful, Pretty WomanRunaway Brideစသဖြင့်ကားတွေအပြင် 90s bornတို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့actionဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစားယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲ ရုရှားနဲ့မကင်းတဲ့အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံသတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ် လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူးလေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန် ဂီရီနဲ့လက်တွဲပြီးအဖြေရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲတွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက်သံသဃတွေ၀င်လာစေခဲ့ပါတယ်။ ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကိုဒီလောက်စွဲလမ်းနေရတာလဲ။သူတို့နှစ်‌ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကိုThe Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။  File size…2.11GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Double (2011)

Bullet to the Head (2013) 5.5
Bullet to the Head (2013) ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB)/(760 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr ...
movie

Bullet to the Head (2013)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)

John Wick: Chapter 2(2017) 7.5
John Wick: Chapter 2(2017) ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီးလူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့်ပြန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း...... :3 :3 :3(ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်)File Size :(2.2GB) (962MB) Quality : Blu-Ray  720 P Format…mp4 Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Phyo Pyae
movie

John Wick: Chapter 2(2017)

2017
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
Django Unchained ( 2012 ) 8.4
Django Unchained ( 2012 ) Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie

Django Unchained ( 2012 )

2012
The Snowman (2017) 5.2
The Snowman (2017) ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
movie

The Snowman (2017)

2017
Dunkirk (2017) 7.9
Dunkirk (2017) Dunkirk (2017) IMDb - 7.9/10_____Rotten - 93% Won 3 Oscars. Another 64 wins & 229 nominations  ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ...
movie

Dunkirk (2017)

2017