Channel Myanmar

Jojo Gonzalez

The Smurfs (2011) 5.4
The Smurfs (2011)  IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie

The Smurfs (2011)

The Pirates of Somalia(2017) 6.8
The Pirates of Somalia(2017) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Pirates of Somalia"လို့ အမည်ရတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်...ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်....Journalist တစ်ယောက်ရဲ့ အလုပ်ဟာ ကိုယ်လိုချင်တဲ့ သတင်းတစ်ပုဒ် ဦးဦးဖျားဖျားရဖို့အတွက် အပင်ပန်းခံနိုင်ရပါတယ်..စွန့်စားသင့်ရင်လဲ စွန့်စားရပါတယ်....Jay Bahadur ဆိုတဲ့ သတင်းထောက်ဟာလဲ သူလိုချင်တဲ့ သတင်းရဖို့ အတွက် ဆိုမာလီယား နိုင်ငံအထိ ခြေဆန့်ခဲ့ပါတယ်...သူဟာ ထောက်လှမ်းရေးလုပ်ရင်း သူ့ရဲ့ပုံစံတွေကအစ ပြောင်းလဲခဲ့ပါတယ်...ဆိုမာလီယားနိုင်ငံသားတစ်ယောက်လို ဖြစ်လာခဲ့ပါတယ်...ဒီလိုနဲ့ အဲ့နိုင်ငံသားတွေရဲ့ နေထိုင်ပုံတွေ လျို့ဝှက်ချက်တွေကို သိလာခဲ့ပါတယ်...စစ်သွေးကြွဆိုမာလီယား ဓားပြတွေကြား Jay Bahadur ရောက်သွားချိန်မှာတော့...ဘယ်လိုတွေ စွန့်စားရမလဲ...ဘာအကြောင်းတွေ သိလာမလဲ စတာတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်.... 
movie

The Pirates of Somalia(2017)

2017
Going in Style (2017) 6.6
Going in Style (2017) Going in Style (2017)_______IMDb - 6.6/10    ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ)   File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie

Going in Style (2017)

2017