Channel Myanmar

Joko Anwar

27 Steps of May (2019) 7.9
27 Steps of May (2019) 27 Steps of May (2019)ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ ...
movie

27 Steps of May (2019)

2019
Macabre (2009) 6.4
Macabre (2009)  ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးကို rating 6.4/10 အထိရရှိထားတဲ့Macabreဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကို Kimo Stamboel က ဒါရိုက်တာအဖြစ်ကော ဇာတ်ညွှန်းရေးဆရာအဖြစ်ကော တာဝန်ယူရိုက်ကူးထားပြီး အင်ဒိုနီးရှားရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေဖြစ်တဲ့ မင်းသား Ario Bayuနဲ့ မင်းသမီး JulieEstellaကပါဝင်အားဖြည့်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာ မိဘတွေအက်ဂျီကြောင့်ကားမတော်တဆမှုဖြစ်ပြီးဆုံးသွားလို့ ခပ်တန်းတန်းဖြစ်သွားတဲ့ ညီမဖြစ်သူလိုင်ဒီယာနဲ့ အက်ဂျီတို့ မောင်နှမနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပုံနဲ့အစပျိုးထားပါတယ် အဲ့နောက်မှာတော့ ညီမဖြစ်သူလိုင်ဒီယာတစ်ယောက်အကိုဖြစ်သူတို့အက်ဂျီနဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည် အက်စ်ထရစ်တို့အတူတူဂျာကာတာမြို့ကိုသွားတော့မှာဖြစ်တဲ့အတွက် လိုက်ပို့လိုက်ပါတယ် ဒီလိုနဲ့အက်ဂျီတို့ငါးယောက် ဂျာကာတာကိုသွားတဲ့လမ်း ညကြီးမိုးချုပ်မှာ လမ်းမှာမျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် ဒုက္ခရောက်နေတာတွေ့လိုကူညီဖို့ဆုံးဖြတ်လိုက်ကြပြီး ကားအသွားမလာမရှိတာနဲ့ အိမ်အထိလိုက်ပို့ပေးလိုက်ကြပါတယ် သူတို့တစ်တွေ လမ်းမှာကူညီပေးလိုက်တဲ့ ကောင်မလေးနာမည်ကဆိုနီဖြစ်ပြီး ကောင်မလေးအိမ်ကိုရောက်တဲ့အခါမှာတော့ ထင်မှတ်မထားတဲ့အရာတွေနဲ့တွေ့ကြုံလိုက်ရပါတော့တယ် အဲ့တာကတော့ဆိုနီတို့မိသားစုဟာ အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ဧည့်ခံကျွေးမွေးပြီး ဆေးခတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကလိစာတွေကိုလူချမ်းသာတွေထံပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ် သူတို့တွေ ဒီအိမ်ကြီးမှာဘယ်လိုရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့လုပ်ရက်တွေကို ရင်ဆိုင်ကြုံတွေ့ကြမလဲသူတို့တွေ ဒီအိမ်ကြီးကနေ အသက်ရှင်လျက်လွတ်မြောက်အောင် ...
movie

Macabre (2009)

Galih dan Ratna (2017) 6.9
Galih dan Ratna (2017) 1980s ဝန်းကျင်မှာ ကောင်လေးတွေကမိမိချစ်ရတဲ့ကောင်မလေးတွေအတွက်ရည်စူးပြီးခံစားချက်နဲ့တိုက်ဆိုင်သမျှသီချင်းလေးတွေကိုစုကက်ဆက်တိတ်ခွေလေးထဲထည့်ပြီးချစ်သဝဏ်လွှာအဖြစ်ပေးတဲ့ Mixtape Culture လေး ရှိခဲ့ပါသတဲ့အဲ့လိုချစ်ဖို့ကောင်းတဲ့ Culture လေးကိုအခြေတည်ပြီး ပေါက်ဖွားလာတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်းကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်ငယ်ရွယ်စဉ်အချစ်ဆိုတာ 'Tried to keep you close to me but life gets in between' ဆိုတဲ့James Bay ရဲ့သီချင်းစာသားလေးအတိုင်းပါပဲလားဆိုတာကို ထိထိမိမိခံစားရစေမှာပါOst အမိုက်စားလေးတွေကိုနားထောင်ပြီး အတူတူ feel ကြပါစို့(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)File Size : (900 MB) and (380 MB) Quality : NF WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : NF ...
movie

Galih dan Ratna (2017)

2017