Channel Myanmar

Joko Diaz

[18+] Tuhog (2023) 5.5
[18+] Tuhog (2023) Tuhog (2023)အက်ဘီဟာ သူနာပြုအကူကောင်မလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူမိုက်ကယ်ကတော့ စစ်သားတစ်ယောက်ပါ။ ဖခင်နဲ့အဆင်မပြေတဲ့ မိုက်ကယ်ဟာ အက်ဘီနဲ့အတူသီးခြားနေခဲ့ပေမဲ့ သူ့ဖခင်နှလုံးရောဂါဖောက်ကြောင်း သတင်းရတဲ့အချိန်မှာတော့ အက်ဘီရဲ့ စေ့စပ်ပေးမှုနဲ့အတူ ဖခင်ကြီးနဲ့ပြန်အတူနေဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်အိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ မိုက်ကယ်တစ်ယောက် ရှေ့တန်းပါသွားရင်း ကျဆုံးသွားခဲ့ပြီဆိုတဲ့သတင်းရောက်လာပါတော့တယ်။အက်ဘီက သူ့ချစ်သူမရှိတော့တဲ့ အိမ်ကြီးမှာဆက်မနေနိုင်တော့ကြောင်းပြောဖို့ ကြိုးစားခဲ့ပေမဲ့ မိုက်ကယ့်ဖခင်ရဲ့တားမြစ်မှုကြောင့်နေဖြစ်ရာကနေ သန်တုန်းမြန်တုန်းယောက္ခမလောင်းကြီးနဲ့ သွေးသားဆူဖြိုးတဲ့အရွယ်ကိုမှ ယောက်ျားတွေရဲ့အထိအတွေ့နဲ့ဝေးတာကြာပြီဖြစ်တဲ့ အက်ဘီတို့ဟာ အိုးချင်းထား အိုးချင်းတီးကြပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းစပြီး မကြာခင်မှာပဲ သေပြီလို့မှတ်ယူထားခဲ့တဲ့ မိုက်ကယ်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့...။Pantaxa Laiya ပြိုင်ပွဲဝင် Vivamax စင်တင်မင်းသမီးလေး Apple Dy ဦးဆောင်ပါဝင်ထားပြီး ထုံးစံအတိုင်း မင်းသမီးသစ်လေးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပေးပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 840MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - ...
movie

[18+] Tuhog (2023)

2023
Mary Cherry Chua (2023) 6.9
Mary Cherry Chua (2023) Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb - 6.3/10ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ်ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ်ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့...ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းကိုတော့ ...
movie

Mary Cherry Chua (2023)

2023
[18+] Litsoneras (2023) 6.3
[18+] Litsoneras (2023) Litsoneras (2023)Azi Acosta လိုပဲအချိန်တိုအတွင်းအောင်မြင်လာပြီး ရှေ့တန်းရောက်လာပြီး Lovely Ladies Dormitory နဲ့ ပွဲဦးထွက်ခဲ့တဲ့ Yen Durano လေးရဲ့ ဇာတ်ကားသစ်ဖြစ်ပါတယ်။အယ်လ်ရီယာ (Yen Durano) ကအထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ဝက်ကင်ဆိုင် ဖွင့်ထားတဲ့ဖခင်နဲ့အတူနေပါတယ်။ သူငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် မိဘနှစ်ပါးကွဲခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ ပြန်ရောက်လာပါတယ်။ အမေဖြစ်သူနဲ့အတူ ရှေ့ဆင့်နောက်ဆင့် သူ့ဘဝထဲကိုရောက်လာသူကတော့ သူတို့ဆိုင်ကဝန်ထမ်းအသစ်ဖြစ်တဲ့ Jonas ဆိုတဲ့သက်တူရွယ်တူနီးပါး ကောင်လေးတစ်ယောက်ပါ။အချစ်ကိုစူးစမ်းတတ်စ အပျိုဖြန်းလေး အယ်လ်ရီယာက ဂျိုးနာ့စ်ကိုစိတ်ဝင်စားသလို ဂျိုးနာစ့်ကတော့ အသက်ကြီးပြီး မပျက်စီးသေးတဲ့ သူ့မိခင်ဖြစ်သူကိုသာ တွင်းဟောင်းဆယ်လိုဟန်ရှိပါတယ်။ ဒီလိုဆိုရင် သူ့အမေဘက်ကရော...?အခုနောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲ အတော်မိုက်တဲ့အထဲမှာပါပါတယ်။ မင်းသမီးတွေရဲ့ အလှအပတွေတင်မကဘဲ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ လှည့်ကွက်တွေပါ မိုက်တဲ့ကားဖြစ်တဲ့အတွက် လက်မလွတ်သင့်ပါကြောင်း။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 825MB Quality - ...
movie

[18+] Litsoneras (2023)

2023
[18+] Manyak (2023) 5.6
[18+] Manyak (2023) Manyak (2023)ဒတ်ဇရေးဟာ သူ့အစ်မခရီးသွားတဲ့အချိန် အိမ်ကိုစောင့်ရှောက်ပေးဖို့ နယ်ဘက်က ကျယ်ဝန်းလှတဲ့အိမ်ကြီးတစ်လုံးဆီကို သူ့ချစ်သူနဲ့အတူရောက်လာခဲ့ပါတယ်။ သူနဲ့သူ့အစ်မဟာ ခပ်တန်းတန်းဆက်ဆံရေးရှိကြပြီး သူတို့အိမ်ရောက်လာတဲ့အချိန်မှာ အိမ်စောင့်တစ်ယောက်ပဲ သူတို့ကိုသော့ပေးဖို့ကျန်ခဲ့ပါတယ်။အဲဒီညမှာပဲ ဒတ်ဇရေးရဲ့ချစ်သူ မော်ဒယ်က မြို့မှာရိုက်ကွင်းရှိလို့ ပြန်သွားတဲ့နောက် အိမ်ကြီးတစ်ခုလုံးမှာ သူတစ်ယောက်ပဲကျန်ခဲ့ပါတော့တယ်။ အဲဒီညသန်းခေါင် ဒတ်ဇရေး ရေထသောက်တဲ့အချိန်မှာ တံခါးအကွယ်က အရိပ်မည်းတစ်ခု သူ့နောက်ကိုပြေးလိုက်လာခဲ့ပြီး သတိမေ့လဲကျသွားခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ သူသိလိုက်ရတာက အဲဒီညက သူမုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုတာပါပဲ။ဒီအကြောင်းကို ဘယ်သူမှမပြောဘဲထားခဲ့ပေမဲ့ သိတဲ့သူတွေရှိနေပါတယ်။ တရားခံကလည်း သူတို့ထဲကပါပဲ။ မတွေ့ရတာကြာနေတဲ့ Christine Bermas နဲ့ ကားရိုက်ကျဲတဲ့ မမ Sheree တို့က ညီအစ်မတွေအဖြစ်ခေါင်းဆောင်ပါဝင်ထားတဲ့ Thirller ပုံစံ ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 720MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration ...
movie

[18+] Manyak (2023)

2023
[18+] Sitio Diablo (2022) 5.4
[18+] Sitio Diablo (2022) Sitio Diablo (2022)မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေဟာ မကောင်းမှုဒုစရိုက်တွေ လူဆိုးဂိုဏ်းတွေ ကြီးစိုးပြီး ကျင်လည်ကျက်စားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဆီတိုဒယာဘလိုစ် ဆိုတဲ့ပင်မဂိုဏ်းကြီးကနေခွဲထွက်ပြီး အလူစထရာဒိုဆိုတဲ့ ဂိုဏ်းသစ်ကို ထူထောင်နေကြတဲ့ လူငယ်တစ်စုရှိပါတယ်။ အဲဒီဂိုဏ်းကို ဦးစီးနေတဲ့သူတွေကတော့ ဘူးလက်နဲ့အိုင်နာတို့စုံတွဲဖြစ်ပြီး အိုင်နာကတော့ မူလ ဆီတိုဒယာဘလိုစ်အုပ်စုရဲ့မျိုးဆက်သမီးငယ်ပါ။ခေတ်ကာလအားဖြင့်တော့ သူတို့မြို့တော်ရဲ့အာဏာအကူးအပြောင်း စပ်ကူးမတ်ကူးကာလဖြစ်ပြီး ရွေးကောက်ပွဲဝင်အမတ်လောင်းအသစ်က သူတို့ဂန်းစတားနယ်မြေတွေကို မက်လုံးပေးမဲဆွယ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဆီတိုဒယာဘလိုစ်ရဲ့ဆက်ခံသူ၊ အိုင်နာရဲ့အစ်ကို တိုးနစ်စ်ဟာ ရဲတစ်ယောက်ရဲ့ညှိနှိုင်းမှုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နဂိုကတည်းက မငြိမ်းချမ်းတဲ့ နယ်မြေခွဲဝေမှုတွေ၊ အချင်းချင်းခွက်စောင်းခုတ်မှုတွေ ကွက်ကျော်ရိုက်မှုတွေနဲ့ သူတို့လောကထဲ တိုးနစ်စ်ပြန်ရောက်လာမှုဟာ နိမိတ်ဆိုးတစ်ခုဖြစ်ပြီး ပိုမိုမုန်တိုင်းထန်လာတော့မယ့် သဘောပါပဲ။မြင်နေကျကားတွေကနေ ခွဲထွက်ပြီး တစ်မူထူးခြားနေတဲ့ 18 အပေါင်း ဂန်းစတားနောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ဖန်သားပြင်ထက်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ AJ Raval, အဲဒီတုန်းက တက်သစ်စလေးတွေဖြစ်တဲ့ Kiko Estrada, Benz Sangalang တို့နဲ့အတူ အခုချိန်မှာထိပ်တန်းဖြစ်နေပြီဖြစ်တဲ့ ...
movie

[18+] Sitio Diablo (2022)

2022
[18+] Hugot (2023) 6.6
[18+] Hugot (2023) Hugot (2023)ကွိုင်းက ဘတ်စ်ကတ်ဘောဝါသနာပါပြီး ကိုယ်တိုင်လည်းကြိုးစားသလို အရည်အချင်းလည်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဖခင်ကတော့ သူ့ဝါသနာကို ခါးခါးသီးသီးဖြစ်နေပြီး သင်္ဘောတက်ဖို့ပဲ တိုက်တွန်းနေပါတယ်။ကွိုင်းမှာ သူ့ကိုတစ်ဖက်သက် ကြိုက်နေသလို ဆာတိုင်းကျွေးဖော်ရတဲ့ ဂျာပွတ်ဆိုတဲ့ သူငယ်ချင်းမလေးလည်းရှိပေမဲ့ သူတကယ်တမ်းစိတ်ဝင်စားပြီး မှန်းနေရတဲ့သူကတော့ သူ့ကစားဖော်ပြိုင်ဘက်ရဲ့ ရည်းစားဖြစ်တဲ့ တီနာ (Azi Acosta) ဖြစ်ပါတယ်။တစ်နေ့တော့ ငွေရှာခိုင်းချင်တဲ့ သူ့ဖခင်ပါးစပ်ပိတ်သွားအောင်၊ သူ့ဝါသနာကို လွတ်လွတ်လပ်လပ်လိုက်စားနိုင်အောင် အလွယ်တကူငွေရတဲ့ မူးယစ်ဆေးပို့တဲ့ အလုပ်ကိုတွဲလုပ်မိရင်း ဇာတ်လမ်းတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Pamasahe တစ်ကားတည်းနဲ့ ရှေ့ဆုံးတန်းကိုရောက်လာခဲ့တဲ့ Azi Acosta လေးပါပဲ။ မလိုအပ်ဘဲ ထည့်ထားတဲ့ ဂျိန်းခန်းတွေအများကြီးပါဝင်တဲ့အတွက် စိတ်ကျေနပ်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 855MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration ...
movie

[18+] Hugot (2023)

2023
[18+] Kara Krus (2022)
[18+] Kara Krus (2022) Kara Krus (2022)အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာ‌တော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie

[18+] Kara Krus (2022)

2022
[18+] Hugas (2022) 7.5
[18+] Hugas (2022) အယ်လ်က လမ်းဘေးမှာပဲတစ်ကောင်ကြွက်အဖြစ် ခိုးဆိုးလုနှိုက်အလုပ်တွေနဲ့ကြီးပြင်းလာတဲ့ လမ်းပျော်လူငယ်တစ်ဦးပါ။ သူ့မိတ်ဆွေတစ်ယောက်အဆက်အသွယ်နဲ့ ဘဏ်ဓားပြ၊မူးယစ်မှောင်ခို အစရှိတဲ့အလုပ်တွေလုပ်ကိုင်တဲ့ ဒန်ချိုရဲ့လူဆိုးဂိုဏ်းကို ဝင်ရောက်လာခဲ့ပြီး သူ့ကျွမ်းကျင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ လူယုံတစ်ယောက်ဖြစ်လာပါတော့တယ်။အဲ့ဒီဂန်းစတားပေါက်စလေး အယ်လ်အနေနဲ့ ဒုစရိုက်လောကကိုစွန့်ခွာချင်စရာအကြောင်းပြချက်က ဒီဂိုဏ်းထဲမှာပဲတွေ့ခဲ့တဲ့ လီဆယ်လ်ဆိုတဲ့ မိန်းမလှလေး တစ်ဦးဖြစ်လာခဲ့ပါတယ်။ဖိလစ်ပိုင်သမ္မတ ဒူတာတေးခေတ်မှာ မူးယစ်ဂိုဏ်းတွေအပေါ်ရိုက်ခတ်လာခဲ့တဲ့ တွေ့ရာနေရာ အမေးအမြန်းမရှိ ပစ်ခတ်သတ်ဖြတ်တဲ့ စီရင်မှုတွေ၊ ဂိုဏ်းအချင်းချင်းနယ်မြေလု ဖျံကျတဲ့အကွက်တွေ၊ အချင်းချင်း နောက်ကျောကနေ ဓားနဲ့ထိုးဖို့ဝန်မလေးတဲ့လောက ကနေ သူတို့ဘယ်လိုလွတ်အောင်ရုန်းမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ဇာတ်လမ်းက အပစ်အခတ်အညှစ်အသတ်တွေများသလို အညစ်အပတ်တွေလဲအရမ်းများပါတယ်၊ဘဏ်ဓားပြတိုက်ရင်း စာရေးမကအထာပေးလို့ဂျိမ်းတာ၊ ချစ်သူချင်းမင်္ဂလာဦးညဂျိမ်းတာ၊ ပျော်လို့ဂျိမ်းတာ၊ စိတ်ညစ်တာကိုဖေးမနှစ်သိမ့်ရင်းလမ်းကြုံလို့ဂျိမ်းတာ စသဖြင့်အားနေဂျိမ်းနေကြတာဖြစ်လို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။မင်းသမီးတွေကလဲချစ်စဖွယ်မျက်နှာလေးတွေနဲ့မလိုက်အောင် ရွှေရင်ဌေးဌေးတွေဆိုတော့ ခဏခဏ pause လုပ်မိနေမှာဖြစ်လို့ တစ်ယောက်တည်းကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.2 GB) (500 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

[18+] Hugas (2022)

[18+] Siklo (2022) 6.0
[18+] Siklo (2022) ရင်ဂိုဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်သည်တစ်ပိုင်းဖြစ်နေပြီး အတူနေချစ်သူအမန်ဒါမှာလဲ ကိုယ်ဝန်ဆောင်ထားတာဖြစ်တော့ Delivery Rider တစ်ယောက်အနေနဲ့ကြိုးစားအသက်မွေးနေပါတယ်။ သူတို့ဆီမှာလဲ ဒီမှာလိုပဲ Rider တွေကြုံရတတ်တဲ့မှာပြီးမှမယူတာ၊ စိုက်ပေးထားတဲ့ပိုက်ဆံတွေပြန်မရတာ စတာမျိုးတွေကြောင့် သူ့ချစ်သူနဲ့ခဏခဏပြဿနာဖြစ်ရပါတယ်။တစ်နေ့တော့ အဲ့ဒီလိုကုမ္ပဏီအသစ်တစ်ခုမှာ သွားလျှောက်ရာကနေအဆင်ပြေသွားခဲ့ပြီး ရင်ဂိုဘဝတစ်ဆစ်ချိုးပြောင်းဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီမှာအလုပ်ဝင်ချိန်ကစလို့ ဆက်တိုက်ကြုံရတာကတော့ သူတို့မြို့မှာ သာသနာပြုလုပ်ငန်းဗန်းပြပြီးနောက်ကွယ်က မကောင်းမှုပေါင်းစုံ အားလုံးလုပ်တဲ့ သင်းအုပ်ဆရာ မိသားစု ရဲ့ အရှုပ်အထွေးတွေပါပဲ။ သင်းအုပ်ဆရာရဲ့ တိတ်တိတ်ပုန်းချစ်သူ မိန်းကလေး ပစ္စည်းမှာတဲ့အခေါက်တိုင်း သူ့ဆီပဲတိုက်တိုက်ဆိုင်ဆိုင်ရောက်ရောက်လာတတ်လို့ မျက်မှန်းတန်းမိစအချိန်မှာ အဲ့ဒီမိန်းမလှလေးဟာ ရေစိုနေတဲ့အဝတ်အစားတွေနဲ့ ထွက်ပြီးလာယူပါတယ်။အဲ့ဒီကနေ စကားစပ်မိရာက ကောင်မလေးအိမ်မှာရေပိုက်ပျက်နေတယ်ဆိုတာကို သိလိုက်ရသလို ရင်ဂိုက သူရေပိုက် ကောင်းကောင်းပြင်တတ်တဲ့အကြောင်းပြောရင်း အိမ်ထဲဝင်လိုက်မိတဲ့အခါ...။ရင်ဂို့ဇနီးသည်ဟာ ကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် သူ့မှာ တစ်ပိုင်းတစ်စနဲ့မပြီးပြတ်လိုက်တဲ့ဆန္ဒတွေရှိပါတယ်၊အသက်ချင်းထက်ဝက်လောက်ကွာတဲ့သင်းအုပ်ဆရာကို အလိုဖြည့်ရုံသက်သက် ဆက်ဆံရရှာတဲ့ ကောင်မလေးမှာလဲ ဒီလိုထပ်တူအားမလိုအားမရဖြစ်မှုတွေ ကိန်းအောင်းနေတဲ့အတွက် သူတို့နှစ်ယောက်ဟာ..။ထုံးစံအတိုင်း မိသားစုနဲ့ကြည့်မရတဲ့ အခန်းတွေ အများကြီးပါဝင်ပါတယ်။ ဒါတွေကို အသားပေးဆိုပေမယ့် နောက်ခံဇာတ်လမ်း၊ လှည့်ကွက်၊ အစရှိတာတွေကလဲ အပြစ်ပြောစရာမရှိသလောက် ကောင်းမွန်တဲ့အချစ်ဇာတ်ကြမ်းကားသစ်တစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(570 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

[18+] Siklo (2022)