Channel Myanmar

Jolyon Coy

Texas Chainsaw Massacre (2022) 8.1
Texas Chainsaw Massacre (2022) တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်းအလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းတက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကိုအင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီးဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာသူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီမူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီးအဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ...  File size…571MB /  1,5GB Quality…720p AAC 2.0CH  / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

Texas Chainsaw Massacre (2022)

2022
Beauty and the Beast (2017) 7.2
Beauty and the Beast (2017) ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie

Beauty and the Beast (2017)

2017