Channel Myanmar

Jon Bon Jovi

Cry_Wolf (2005) 5.8
Cry_Wolf (2005)  Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai
movie

Cry_Wolf (2005)

U-571(2000) 6.6
U-571(2000) U-571(2000) IMDb...6.6,,,Rotten ....68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တစ်ဒိန်းဒိန်းပစ်ခေတ်ပြီး ရောက်အောက်ကိုနှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်...ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို  ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ...ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်...ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမယ့် သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ..Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး   U boat နဲ့ ၈ျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ...
movie

U-571(2000)

2000
New Year’s Eve (2011) 5.7
New Year’s Eve (2011) နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ New yearဇာတ်ကားလေးပါ။နှစ်စဉ်ကျင်းပနေကြ New Yorkရဲ့ Times Square Ball Dropပွဲကိုကျင်းပဖို့တာဝန်ယူထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊New Yorkရဲ့ပါတီတစ်ခုကို အမီပြန်ရမယ့်ယောက်ျားတစ်ယောက်ရယ်၊ဖိအားတွေများတဲ့အလုပ်ကနေထွက်လိုက်တဲ့ မိန်းမတစ်ယောက်ရယ်၊ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်ရယ် (Zac Efronလေး)၊ဆယ်ကျော်သက်သမီးချောလေးရဲ့ မိခင်တစ်ယောက်ရယ်၊နှစ်သစ်ကူးညမှာကလေးအစောဆုံးမွေးနိုင်ရင်ပိုက်ဆံရမယ့်စုံတွဲနှစ်တွဲရယ်၊ဆေးရုံမှာ ကင်ဆာကြောင့်သေခါနီးအဖိုးကြီးတစ်ယောက်ရယ်အပြင်တခြားဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။နှစ်သစ်ကူးမှာကြည့်လို့ရမယ့် ပေါ့ပေါ့းပါးပါးဇာတ်လမ်းလေးပါ။ File Size : ( 1 GB , 357 MB )Quality :  WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre :  Comedy , RomanceSubtitle : Myanmar ...
movie

New Year’s Eve (2011)

2011
Pay It Forward(2010) 7.2
Pay It Forward(2010) Pay It Forward(2010)IMDb...7.2ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်....ပထမအချက်က စာရေးဆရာမ ဂျူးရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က  A.I. Artificial Intelligenceဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကိုကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင်  Haley Joel Osment ကြောင့်ပါ..... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါသူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့.......ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ....ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ....ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ....ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်...ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်....ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်....ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို ...
movie

Pay It Forward(2010)

2000