Channel Myanmar

Jon Frankel

The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022