Channel Myanmar

Jon-Paul Gates

Nightmare on 34th Street (2023) 3.6
Nightmare on 34th Street (2023) Nightmare on 34th Street (2023) =========================ခရစ္စမတ်ရာသီကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတဲ့ Slasher/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် စိတ်ဝေဒနာနဲ့ စိတ်ဒုက္ခတွေခံစားနေရတဲ့လူ သုံးယောက် တစ်ယောက်တစ်မျိုးစီသောင်းကျန်းကြပုံကို ပုံပြင် လေးတွေအနေနဲ့ပြောပြသလို ရှုစားရမှာဖြစ်ပါတယ်။လူ့အသိုင်းအဝိုင်းနဲ့ မိသားစုရဲ့ဒဏ်တွေကို မျိုသိပ်မထားနိုင်တော့ တဲ့နောက်မှာတော့ ဆန်တာရယ်၊ နတ်သူငယ်ရယ်၊ နှင်းလူသားရယ်လို့ နာမည်ပြောင်ရခဲ့တဲ့ စိတ္တဇလူသတ်သမားသုံးယောက်ပေါ်လာပါ တော့တယ်။ သူတို့သုံးယောက်သား ထောင်ထဲမှာဆုံမိသွားကြပြီး ထောင်ဖောက်လွတ်မြောက်လာပြီးတာနဲ့ သုံးယောက်ပေါင်းပြီး ထပ်သောင်းကြမ်းကြပြန်ပါတယ်။ Christmas ရဲ့ cozy vibeလေးနဲ့ Halloween ဆန်ဆန် သွေးသံတရဲရဲနဲ့ ကြောက်စရာဇာတ်ကား တစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်)File Size..........(1.5 GB) / (540 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 09Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Zayar Maw Encoder..........SWM
movie

Nightmare on 34th Street (2023)

2023
Demons At Dawn (2022)
Demons At Dawn (2022)  ကြေးစားလူသတ်သမား Mickey ဆိုတဲ့သူက လောင်းကစားဝါသနာထုံသူတစ်ယောက်ပါ။ သူ့မှာ မိန်းမနဲ့ မွေးကင်းစ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မိန်းမကို နောက်ထပ် လူသတ်တဲ့အလုပ်ကို လက်မခံတော့ဘူးလို့ ကတိပေးထားပေမယ့် တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဆက်သွယ်လာပါတယ်။Mickey အနေနဲ့ ဆပ်စရာ အကြွေးတွေ အလွန်များနေကြောင်း နောက်ဆုံး အလုပ်တစ်ခု လက်ခံပေးရင် သူဌေးက အကြွေးတွေ အကုန်ပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Mickey က လက်မခံဘူး ငြင်းပေမယ့် မိတ်ဆွေဖြစ်သူက အဆွယ်ကောင်းနေတော့ လက်ခံဖြစ်ခဲ့ပါတယ်။ သူသတ်ပေးရမယ့်သူရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးတစ်လုံးဆီကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသတ်ရမယ့်သူက သူမသတ်ခင် အသတ်ခံရထားနှင့်ပြီးသားဖြစ်နေပါတယ်။သူလည်းအိမ်ထဲဝင်ပြီး ပတ်ဝန်းကျင် အခြေအနေစောင့်ကြည့်နေတုန်း သူ့လည်ပင်းကို အမျိုးသမီးတစ်ယောက်က ဓားနဲ့ရွယ်ပြီး လာခြိမ်းခြောက်ပါတော့တယ်။ အမျိုးသမီးက ဘယ်သူလဲ? ဟိုလူကရော ဘာလို့သေနှင့်ပြီးသားဖြစ်နေတာလဲ? သူ့မိတ်ဆွေကရော တကယ်ပဲယုံကြည်ရတဲ့သူလား ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှုစားအဖြေထုတ်ကြည့်လိုက်ပါဦး......  File size…(1.4 GB)/(590 Mb) Quality….Webrip 1080p ...
movie

Demons At Dawn (2022)

[18+] Graphic Desires (2022) 4.4
[18+] Graphic Desires (2022) [18+] Graphic Desires (2022) ======================ဇာတ်လမ်းအညွှန်းမစခင် ၁၈ယောက်စုပြီးကြည့်ရမဲ့ကားဖြစ်ကြောင်း ကြိုတင် အသိပေးပါတယ်ခင်ဗျာ။ ဇာတ်လမ်းကတော့ ဒီလိုဗျ။ ရုံးမှာ တစ်နေကုန်ထိုင်အလုပ်လုပ်ရတာကိုမကြိုက်ဘဲ အိမ်မှာပဲ WFH လုပ်ချင်တဲ့ အိမ်တွင်းပုန်း IT သမား ဖရန်ကလင်ဟာ ကောင်မလေး လည်းရှိ၊ အချစ်ဆုံးဘော်ဒါကြီးလည်းရှိ၊ အလုပ်လည်းရှိဆိုတော့ သူ့ဘဝကြီးက အိုကေစိုပြေတယ်လို့ပြောလို့ရပါတယ်။တစ်နေ့ကျ သူငယ်ချင်းလမ်းညွှန်ကောင်းမှုနဲ့ သူ့ရည်းစား ခရီးသွားခိုက်မှာ Dating app တစ်ခုကနေ အတ္တလန်တာဆိုတဲ့ စော်လေးတစ်ပွေနဲ့ သွားဒိတ်ပါတယ်။ အစ ကတော့ သူ့ကောင်မလေးအပေါ်သစ္စာမဖောက်ဘူးဆိုပြီး တကယ်တမ်းကျ ဒိတ်ရုံ မကလို့ တွေ့တဲ့ညမှာပဲ ရေနံတူးမိကြတဲ့အပြင် ရေနံတူးမှတ်တမ်းဗီဒီယိုပါ ရိုက်ထား လိုက်သေးတယ်တဲ့ဗျာ။ နောက်နေ့လည်းရောက်ရော အတ္တလန်တာက အကောင့် ဘာညာအကုန်ဖျက်ပြီး ပျောက်ချင်းမလှပျောက်သွားလေတယ်။ သကောင့်သားခမျာ တစ်ညပဲတွေ့ဖူးတဲ့ ကောင်မလေးကို အရမ်းတွေစွဲလမ်းသွားပြီး တစ်ခုခုများဖြစ်သ လားဆိုတဲ့စိတ်နဲ့ ရေတဆုံးမြေတဆုံးလိုက်ရှာပါလေရော။သူ့ဘော်ဒါကြီးပါလိုက်စုံစမ်းပေးပြီးတဲ့နောက် သိလိုက်ရတာက အဲဒီအတ္တလန်တာ ဆိုတဲ့ကောင်မလေးဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့လူတစ်ယောက်ဆိုတာပါပဲ။ သူ့ဘော် ဒါက တကယ်မရှိကြောင်းရှင်းပြလိုက်၊ သူကလည်း ဒါဆို ဒီဗီယိုကဘာလဲဆိုပြီး သက် သေပြလိုက်နဲ့ ဇာတ်ကားတစ်ခုလုံးက အတ္တလန်တာရှာပုံတော်ဖွင့်ခန်းကြီးပါပေါ့။ နောက်ဆုံးမှာတော့ အတ္တလန်တာဆိုတာ တကယ်ရှိလား မရှိဘူးလား၊ မရှိရင် ...
movie

[18+] Graphic Desires (2022)

2022
Werewolf Cabal(2022) 6.7
Werewolf Cabal(2022) Werewolf Cabal(2022)*********************Horror ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်းဆုံးသွားပြီးနောက်သူ့အတွက်ချန်ထားရစ်ခဲ့တဲ့ အမွေတွေကိုလက်ခံယူဖို့အတွက် UK ကျေးလက်ဘက်ကရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်ပေါ့နော်။ ကီဖာဟာ ငယ်ကတည်းက မွေးစားဖို့ ပေးပစ်ခံရသူဖြစ်ပြီး မိခင်ရင်းဖြစ်သူအကြောင်း၊မိခင်ရင်းရဲ့ရွာလေးအကြောင်းကိုလည်း ဘာမှမသိဘူးပေါ့၊ မိခင်ဖြစ်သူသေဆုံးသွားရတဲ့ အကြောင်းအရင်းကလည်းခွေးကိုက်ခံရလို့ဆိုပြီး ရွာကလူတွေကပြောကြတာပဲ။ နောက်တော့ သူ့မှာမအေတူညီလေးတစ်ယောက်ရှိကြောင်း၊ရွာထဲမှာလည်း လူတွေကလည်း အမျိုးမျိုးပြောနေတာတွေ ကြုံလာရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ကီဖာတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ၊ ရွာထဲကလူတွေက ဘာတွေလျှို့ဝှက်ထားကြတာလဲဆိုတာတော့ဒီသမန်းဝံပုလွေဇာတ်လမ်းထဲမှာဆက်ကြည့်နိုင်ပါတယ်။ File Size :(1.5 GB) and (682 MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae 
movie

Werewolf Cabal(2022)