Channel Myanmar

Jonathan Dokuchitz

The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

Anastasia (1997) 7.1
Anastasia (1997) Anastasia (1997) ============= IMDb Rating - 7.1/1020th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာ စတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့ IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့ France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့ စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့ မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့ 20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ် ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်‌ငွေသန်း ၁၄၀ ကျော်အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။" စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက ဘယ်လိုလွတ်လာခဲ့တာလဲ " ...
movie

Anastasia (1997)

1997
Two Weeks Notice (2002) 6.1
Two Weeks Notice (2002) Two Weeks Notice (2002)____IMDb - 6.1/10  " လမ်းခွဲဖို့ နှစ်ပတ် အလို " -------------------------------- Two Weeks Notice ဆိုတဲ့ ဒီရုပ်ရှင်ကို မြန်မာလို အမည်ပေးရရင် ဒီတိုင်းပဲ ဖြစ်စေချင်မိတယ်.... မြန်မာကား ၂ ပတ်အလို နဲ့ ဒီကားကို ယှဉ်ပြီး ပြောနေကြရင်း သတိထားမိလို့ ကြည့်လိုက်မိတာ မြန်မာကား နဲ့ တူ မတူ ကတော့ မြန်မာကား မကြည့်ဖူးတော့ မသိပါဘူး... ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ် ကပဲ ပရိုဂျူ့ လုပ်ထားပြီး သူကိုယ်တိုင် မင်းသမီး အဖြစ် သရုပ်ဆောင်ထားတာပါပဲ မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှု ရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါ ဇတ်လမ်းပုံစံ က ပြည်သူ့အကျိုးပြု ရှေ့နေ မိသားစု က ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့် ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်.... ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့် ပုံစံ မျိုး ဖြစ်နေတာပါ လူစီ က ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေ ရပ်တည်ပြီး ...
movie

Two Weeks Notice (2002)

2002