Channel Myanmar

Jonathan Groff

Frozen (2013) 7.4
Frozen (2013) Frozen (2013) IMDb - 7.4/10_____Rotten - 90% Won 2 Oscars. Another 79 wins & 59 nominations  Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ...
movie

Frozen (2013)

2013
4K HEVC
Frozen II (2019) 6.9
Frozen II (2019) Frozen II (2019)IMDB - 6.9/10_____Rotten - 77%  CM Fan တွေ အတွက် Frozen II ကို တင်ပေးလိုက်ပါတယ်... Little Neo မှ အကောင်းမွန်ဆုံး ဘာသာပြန်ပေးထားပါတယ် ဇတ်လမ်းအညွှန်းကတော့.... အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မ ဟာ အယ်ရန်ဒဲတိုင်းပြည်မှာ ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်ကြပေမယ့် ကံဆိုးတဲ့တစ်နေ့ ကိုရောက်လာပါတော့တယ်။ အယ်လ်ဆာရဲ့ မိဘတွေတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မှော်ဝင်တောအုပ်ထဲက ဝိညာဉ်တွေ၊ အယ်လ်ဆာပဲ ကြားနေရတဲ့ ခေါ်သံတွေနဲ့အတူ သူတို့တိုင်းပြည် အန္တရာယ်ကျရောက်လာချိန်မှာ အန်နာတို့လည်း ခရစ္စတော့ဖ်၊အိုလက်ဖ်၊ ဆဗန်တို့နဲ့အတူ အတိတ်က အမှန်တရားကို ရှာဖွေရပါတော့တယ်။ ရုပ်ရှင်ကားကို Thit San Khant မှ Encode ပေးထားပါတယ်    File size…    4.1 GB  /  1.3 GB /  740 MB Quality… BluRay 4K /  1080p / 720p Format… mp4 / mkv Duration…. 1h 40m Genre ..... Animation/Adventure Subtitle…. Myanmar Subtitle ...
movie

Frozen II (2019)

2019
4K HEVC
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

Taking Woodstock (2009)
Taking Woodstock (2009) Taking Woodstock (2009)လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ..၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ..ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ...
movie

Taking Woodstock (2009)

Knock at the Cabin(2023) 6.4
Knock at the Cabin(2023) M. Night Shyamalan ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ Horror, Mystery, Thriller အမျိုးအစားဖြစ်တဲ့အတွက် ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးကျမှပဲ အဖြူအမည်း သဲကွဲမယ့် ရုပ်ရှင်မျိုးပါ။ The Sixth Sense လို ရုပ်ရှင်မျိုးကို ရိုက်ခဲ့တဲ့ဒါရိုက်တာပီပီ သို့လော သို့လောလေးတွေနဲ့ ရိုက်ပြတဲ့နေရာမှာတော့ တော်ပါတယ်။ မင်းသား ဒေးဗစ် ဘာတစ်စတာကလည်း GotG ဇာတ်ရုပ်လို ဟာသမဟုတ်ဘဲ တကယ်ကို အလေးအနက်နဲ့ သရုပ်ဆောင်သွားတာပါ။ဇာတ်လမ်းအကျဉ်းအဲရစ်နဲ့ အန်ဒရူးဆိုတဲ့ လိင်တူစုံတွဲဟာ ဝန်လင်ဆိုတဲ့ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ အားလပ်ရပ်ခရီးအဖြစ် ရှုခင်းလှပြီး လူသူမရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်လေးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် လူလေးယောက်ရောက်ရှိလာခဲ့ပါတယ်။ လူလေးယောက်ဟာ အလွန်ထူးဆန်းတဲ့အကြောင်းနဲ့ရောက်လာပြီး ထူးဆန်းတဲ့လက်နက်ကိုယ်စီနဲ့ အဲရစ်တို့ကို ဖမ်းထားပြီး မယုံနိုင်စရာ တောင်းဆိုမှုတွေလုပ်လာတဲ့အခါ....File size…(1.29GB)  / (696MB) / (324MB) Quality…. Web ...
movie

Knock at the Cabin(2023)

The Matrix Resurrections (2021) 6.4
The Matrix Resurrections (2021) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix Resurrections (2021)

4K HEVC Web-DL
Frozen Fever (2015) 6.9
Frozen Fever (2015) Frozen Fever (2015)_____IMDb - 6.9/10     တကယ်တမ်း Short Movie အနေနဲ့ ထွက်ရှိထားတာဖြစ်ပြီး ၈ မိနစ်စာပဲ ရှိပေမယ့် တစ်ခြား Animation Cartoon ရုပ်ရှင်တွေရဲ့ Short Movie တွေလို မဟုတ်ပဲ ကြည့်ရတာ စိတ်ထဲ ပျော်ရွှင်မှုလေး တကယ်ရပါတယ် Elsa နဲ့ Kristoff တို့ ရဲ့ Anna အတွက် စိတ်လှုပ်ရှားဖွယ် မွေးနေ့အစီအစဉ်လေး ပြုလုပ်ပုံလေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်.. ဒီအပိုင်းတိုလေးအတွင်းမှာ အန်နာ နဲ့ အလ်ဆာ တို့ ရဲ့ ဝတ်စုံဒီဇိုင်းကို သတိထားကြည့်ပါ အတော်လေးကို ထူးခြား လှပနေပါတယ်... အိပ်ပျော်နေတဲ့ အန်နာ ကို အလ်ဆာ က သွားနှိုးလာပြီး အဝတ်အနီစကြိုးလေး တစ်ကြိုးကို ဆွဲခိုင်းကာ တောက်လျှောက် လက်ဆောင်လေးတွေ တစ်ခုပြီး တစ်ခုပေးပါတယ် အဲ့ဒီ ...
movie

Frozen Fever (2015)

2015