Channel Myanmar

Jonathan Rau

Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
The Taking of Pelham 1 2 3(2009) 7.0
The Taking of Pelham 1 2 3(2009) The Taking of Pelham 1 2 3(2009)(အလန်းစားကားမို့  Blu-Ray 1080p 5.1CH ပါပြုလုပ်ပေးထားပါတယ်...)နယူးယောက်မြို့မှာ လူသုံးအများဆုံး သယ်ယူပို့ရေးလမ်းကြောင်းက မြေအောက်ရထားစနစ်ပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒီလိုရထားတွေဟာ အချိန်တိကျတဲ့အပြင် ကားစီးပြီးသွားတာထက်တောင် လိုရာခရီးကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်.... ဒီဇာတ်ကားထဲမှာတော့ ဝေါ်တာ ဂါဘာ ဟာ ဒီလိုမျိုး မြေအောက်ရထားတွေကို အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့အတွက်....ထိန်းချုပ်ရေးစင်တာကနေ ညွှန်ကြားချက်တွေပေးရတဲ့သူဖြစ်ပါတယ် တစ်ရက်မှာတော့ Pelham 123 ဆိုတဲ့ ရထားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အနုကြမ်း၀င်စီးပြီး ရထားပေါ်ကခရီးသွားတွေကို ဓားစာခံအနေနဲ့ဖမ်းထားတဲ့အခါ .... ဂါဘာ လည်း ဒီအကြမ်းဖက်အဖွဲ့နဲ့ ညှိနှိုင်းရာကနေ ဒေါ်လာ ၁၀ သန်း နဲ့ ၁ နာရီအတွင်းလဲဖို့ ကမ်းလှမ်းလာပါတော့တယ်.... ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး ၂ ဦးဖြစ်တဲ့ Denzel Washington နဲ့ John Travolta တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့အပြင်... ဒါရိုက်တာ Tony Scott ကိုယ်တိုင် US ...
movie

The Taking of Pelham 1 2 3(2009)

Wild Hogs(2007) 5.8
Wild Hogs(2007) Wild Hogs(2007)(zawgyi)"စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ဆိုတာ ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ်ရှိနေသူပဲ"လို့ ဒဿနပညာရှင်ကြီး အရစ္စတိုတယ် ပြောဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ ဘ၀တွေမတူ စိတ်အခြေအနေ‌တွေ မတူပေမယ့် ရူးသွပ်မှုခြင်း တူညီကြတဲ့ လူလတ်ပိုင်းအရွယ် သူငယ်ချင်းလေးယောက်ရဲ့ ဗရုတ်သုတ်ခတွေအကြောင်းပါ။အလုပ်သာ အဓိက ကျန်တာ သာမညထင်နေတဲ့ သွားဆရာဝန် တစ်ယောက် ။ ဘာမှအဖြစ်မရှိတဲ့ ကွန်ပျူတာပရိုဂရမ်မာ တစ်ယောက် ။ အိမ်သာဆေးရတဲ့အထိ အလုပ်ကြမ်းပေါင်းစုံ လုပ်ရတဲ့ စာ‌ရေးဆရာရူးလူမည်းတစ်ယောက်။ လေးယောက်မြောက်ကတော့ သူတို့ထဲက ကံအကောင်း‌ဆုံး တစ်ယောက်လို့ သူတို့ကိုယ်တိုင်ပြောကြတဲ့ ပိုက်ဆံချမ်းသာပြီး မော်ဒယ်မကို လက်ထပ်ထားတဲ့ ဝူဒီ။ သူတို့အားလုံးမှာ တူညီတာကတော့ အမဲရောင်ဂျာကင်‌တွေ ၀တ်ပြီး ဆိုင်ကယ်ပတ်စီးကြတဲ့ ဆိုင်ကယ်သမားတွေ ဖြစ်ချင်ကြတာပါပဲ။ မြို့ထဲပဲပတ်မောင်းနေရတဲ့ သူတို့ဆိုင်ကယ်သမားအဖွဲ့ကိုလည်း Wild Horse:လို့ သူတို့ဘာသာ နာမည်ပေးထားပါသေးတယ်။တစ်ရက်မှာတော့ သူတို့ထဲက ကံအကောင်း‌ဆုံးဝူဒီဟာ ဇနီးရယ်ကွာ အိမ်ရယ်က‌ဆုံး ပြီး တမုဟုတ်ချင်း ကံအဆိုးဆုံးတစ်ယောက်ဖြစ်သွားပါတယ်။ ဆန်အိုးသာကုန် မာန်မလျှော့သေးတဲ့ ဝူဒီဟာ ဒီအ‌ကြောင်းတွေကို သူငယ်ချင်းတွေကို မ‌ပြောဘဲ သူ့နောက်ဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ ဆိုင်ကယ်တစ်စီးနဲ့ မိုင်တစ်ထောင်ခရီးရှည်တစ်ခုထွက်ဖို့ ဆွယ်ပါတယ်။ နေရင်းထိုင်ရင်းတောင် ပြဿနာတက်နေကြတဲ့ Wild Hogs တွေဟာ ဒီခရီးရှည်ကြီးမှာ ပြဿနာကို ဘယ်လိုမီးခွက်ထွန်းရှာဦးမလဲ ဆိုတာ သဘာဝကျကျဟာသတွေနဲ့အတူ မြင်ကြရမှာပါ။ကျွန်တော်မြင်ဖူးသမျှ ရုပ်ရှင်တွေထဲ အပီအပြင်ကြမ်းပြနေကြ ဂျွန် ထရာဗိုကြီးဟာ လူပေါဇာတ်ရုပ်နဲ့လည်း ...
movie

Wild Hogs(2007)

2007