Channel Myanmar

Jonathan Silverman

G.B.F. (2013) 5.9
G.B.F. (2013) G.B.F (2013) IMDb-5.9/10 ~Rotten tomatoes-80% 2013 တုန်းကထွက်ရှိခဲ့တဲ့ LGBTQA+++ လူငယ်ဆယ်ကျော်သက်အထက်တန်းကျောင်း ဟာသဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တန်နာကရုပ်ပြစာအုပ်ဂိတယောက်ဖြစ်ပြီး သူတက်နေတဲ့North Gateway အထက်တန်းကျောင်းမှာသူသိတဲ့ ဂေးဆိုလို့ သူနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘရန့်နှစ်ယောက်ပဲရှိပါတယ်။သူတို့နှစ်ယောက်က ဂေးနေကြောင်းကို ဖွင့်ချမပြရသေးပဲအချိန်တခုကိုစောင့်နေကြတာပါ။ဒီအချိန်မှာပဲ ဂျီဘီအက်ဖ် (Gay Best Friend) ဆိုတဲ့ဂေးတယောက်ကို အခင်ဆုံးသူငယ်ချင်းအဖြစ်ထားတဲ့ကိစ္စကရေပန်းစားလာနေခဲ့ပြီး ဂေးမရှိသလောက်ကိုဖြစ်နေတဲ့North Gateway ကျောင်းမှာ နာမည်ကြီး တဲ့အုပ်စုကြီးသုံးခုရဲ့ခေါင်းဆောင်သုံးယောက်ဆီကိုပါ ရောက်လာပါတော့တယ်။ဘရန့်ကတော့ သူကဂေးနေကြောင်းပွင့်ချလိုက်ပြီးကျောင်းကပွဲမှာသူတို့နဲ့အတူတက်ဖို့အတွက်ခေါင်းဆောင်မလေး သုံးယောက်ကဝိုင်းလုတာကိုခံဖို့ စီစဉ်ထားတာပါ။ဒါပေမဲ့ မထင်မှတ်ပဲ ဂိုင်ဒါဆိုတဲ့ ဂေးတွေအချင်းချင်းဆက်သွယ်ဖို့သုံးတဲ့အက်ပ်ကနေတဆင့် တန်နာက ဂေးဆိုတာကို သိသွားကြပြီး ကျောင်းကပွဲမှာကွင်းဖြစ်ဖို့အတွက် အုပ်စု သုံးခုရဲ့ ခေါင်းဆောင်သုံးယောက်လုံးကတန်နာကို ဂျီဘီအက်ဖ်အနေနဲ့ အတင်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ တန်နာနဲ့ ဘရန့်တို့ သူငယ်ချင်းနှစ်ယောက်ကြားမှာတင်းမာသွားခဲ့ကြပြီး ကျောင်းကပွဲညကိုမရောက်ခင်ဘယ်လိုတွေဖြစ်ကြမလည်း ဘယ်သူတွေရောကျောင်းကပွဲရဲ့ ကင်းနဲ့ ကွင်းဖြစ်သွားမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။လိင်ပိုင်းဆိုင်ရာအသုံးအနှုံးနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့်ကလေးသူငယ်တွေတော့မကြည့်ရှုသင့်ပါဘူးဗျ။ File size…  1.90 GB /  938 ...
movie

G.B.F. (2013)

2013
Death Becomes Her (1992) 6.6
Death Becomes Her (1992) Death Becomes Her (1992)ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ...
movie

Death Becomes Her (1992)

1992