Channel Myanmar

JoNell Kennedy

Dreamgirls (2006) 6.6
Dreamgirls (2006)   အခုတစ်ခါ Dream Girls ဆိုတဲ့ ဂီတရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂီတရုပ်ရှင်ဆိုတဲ့အတိုင်း တကားလုံးမှာ သီချင်းတွေတစ်ဝကြီးနားဆင်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကလည်း Beyonce' တို့ Jennifer Hudson တို့လို နာမည်ကြီးအဆိုတော်တွေအပြင် Jamie Fox တို့ရော နာမည်ကြီးတွေပါဝင်ထားတာဖြစ်ပါတယ် Beyonce' ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ ''Listen'' ကို ဒီဇာတ်ကားအတွက်သီဆိုခဲ့တာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အက်ဖီ, ဒီနာနဲ့လော်ရယ်တို့သူငယ်ချင်းသုံးယောက်ဟာ ဒရင်းမက်စ်ဆိုတဲ့ နာမည်နဲ့ အဖွဲ့လိုက်သီချင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ် တရက်မှာတော့ ကားတစ်တေလာဆိုတဲ့ပရိုဂျူဆာတစ်ယောက်က သူတို့သုံးယောက်ရဲ့ အဆိုပါရမီကိုသိရှိသွားပြီး သူတို့ကို ဒရင်းမ်စ်အဖွဲ့ဆိုတဲ့နာမည်နဲ့မြေတောင်မြှောက်ပေးပါတော့တယ်အဆိုတော်အနေနဲ့အောင်မြင်ဖို့ကိုမျှော်လင့်ခဲ့ရပြီး တကယ်တမ်းအောင်မြင်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ သူတလူငါတမင်းနဲ့စိတ်ဝမ်းကွဲလာကြပါတယ် အကြောင်းကတော့ အရင်က သူတို့အဖွဲ့မှာ အက်ဖီက ခေါင်းဆောင်နေရာကသီဆိုလေ့ရှိပြီး ကျန်တဲ့ ဒီနာနဲ့လော်ရယ်တို့က နောက်လိုက်အနေနဲ့ဆိုရပါတယ်ဒါကို ကားတစ်က အက်ဖီကို ဖယ်ပြီး ဒီနာကိုခေါင်းဆောင်နေရာပေးပြီး ဆိုခိုင်းတဲ့အခါ သူတို့အဖွဲ့လေးမှာ သဘောထားမတိုက်ဆိုင်တာတွေ မနာလိုမှုတွေရှိလာပြီး အဲ့ဒါတွေအပြင် ကားတစ်တေလာနဲ့ နှလုံးသားရေးရာတွေပါ ...
movie

Dreamgirls (2006)

Nocturne (2020) 5.7
Nocturne (2020) Nocturne 2020*************IMDB - 5.6 Horror , Mystery, Thrillerဇာတ်ကားအကျဉ်းလေးကတော့ ဗီဗီယန်နဲ့ ဂျုလီယက် ဆိုတဲ့အမြွှာညီမ နှစ်ယောက်ဟာ ပီယာနိုတီးတာအထူး ကျွမ်းကျင်သလို အနုပညာကျောင်းမှာလည်းအတူတူတက်နေကြပါတယ်အစ်မဖြစ်သူ ဗီဗီယန်ဟာ ကျောင်းမှာ နာမည်ကြီးသလို ကမ္ဘာ့အကောင်းဆုံးအနုပညာကျောင်းမှာဆက်လက်တက်ရောက်ဖို့ တစ်ပေးခံထားရသူလည်းဖြစ်တယ်ညီမဖြစ်သူ ဂျုလီယက်ကတော့ ဗီဗီယန်နဲ့ပြောင်းပြန်ပါပဲ အနေအေးသလို အရှက်အကြောက်ကြီးတယ်။ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက် ပြီးခါနီးလို့ ကျောင်းပြန်တက်ခါနီးအချိန်မှာ သူတို့ကျောင်းမှာ အတော်ဆုံးဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ မော်ရာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။ကျောင်းပြန်တက်တဲ့အခါ ကျောင်းအုပ်ကမော်ရာရဲ့သေဆုံးမှုအမှတ်တရအနေနဲ့ concerto ပြိုင်ပွဲကိုဆက်လုပ်ဖို့အတွက် Music မေဂျာစီနီယာတွေကိုအကုန်လုံးကိုပြိုင်ပွဲဝင်ဖို့ကျောင်းဖွင့်မိန့်ခွန်းမှာပြောကြားခဲ့တယ်။ဒီပွဲက စီနီယာတွေအတွက်အခွင့်တစ်ရပ်ဖြစ်တဲ့အတွက် ဗီဗီယန်တို့ညီအစ်မနှစ်ယောက်ကလဲ အထူးပစ်မှတ်ထားနေကြတယ်။ဒီလိုနဲ့ တစ်နေ့ကျောင်းစာကြည့်တိုက်မှာသေဆုံးသူ မော်ရာပစ္စည်းတွေ ကိုရှင်းလင်းရင်းနဲ့ ထူးဆန်းတဲ့ သင်္ကေတပုံကြမ်းတွေပါတဲ့ မော်ရာသံစဉ်စာအုပ်ကိုဂျုလီယက်ကအမှတ်မထင်ရသွားတဲ့အခါမှာတော့ဘယ်လိုတွေစိတ်ဝင်တစားဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး File Size : (1.5 GB) and (844 MB) Quality : 1080p WEBRip, 720p WEBRip Format…mp4 Duration…1h 30min Genre : Horror, Mystery, Thriller Subtitle : Myanmar ...
movie

Nocturne (2020)

2021