Channel Myanmar

Jonna Walsh

Couples Retreat (2009) 5.5
Couples Retreat (2009) Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples' retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples' retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples' retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ...
movie

Couples Retreat (2009)

Feels Like Home (2019) 6.1
Feels Like Home (2019) ဒီကားလေးကတော့လူငယ်ဆန်ဆန်ဇာတ်ကားလေးပါမိသားစုဒရမ်မာနဲ့လူငယ်အချစ်ဇာတ်လမ်းရယ်တက္ကဆက်ပြည်နယ်ရဲ့အလှအပတွေရယ်နဲ့ပေါင်းစည်းထားတဲ့ဇာတ်ကားကောင်းလေးပါအက်ဘီဆိုတဲ့ကေင်မလေးဟာဟင်းလျာချက်ပြုတ်ရာမှာလိုအပ်တဲ့ပစ္စည်းတွေကိုညွှန်းပေးတဲ့တီဗီရှိုးတစ်ခုရဲ့တင်ဆက်သူကောင်မလေးပါသူ့ကိုတစ်ရက်သူဌေးတစ်ယောက်ကကုန်ပစ္စည်းအသစ်ထုတ်ဖို့လာကမ်းလှမ်းတဲ့အခါမှာဒါပေမယ့်သူဌေးကနယူးအင်္ဂလန်ရဲ့လူနဲ့သာအလုပ်တွဲလုပ်ချင်တယ်ဆိုတာကြောင့်အက်ဘီတစ်ယောက်သူ့ကိုယ်သူနယူးအင်္ဂလန်သူတစ်ယောက်ဖြစ်အောင်လိမ်ရပါတော့တယ်အဲဒီအချိန်မှာပဲတက္ကဆက်မှာရှိတဲ့သူ့ရဲ့အဖေဖြစ်သူဒဏ်ရာရသွားတဲ့သတင်းကိုကြားပြီအက်ဘီတစ်ယောက်တဆက်ကိုလိုက်သွားဖို့အကြောင်းဖန်ပါတော့တယ်သူ့အဖေနဲ့သူနဲ့ကြားမှာလည်းနားလည်မှုတွေလွဲနေရင်းအဆင်မပြေဖြစ်နေတဲ့သားအဖနှစ်ယောက်ပြဿနာကိုဘယ်လိုရှင်းမလဲသူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းကလည်းသူ့အဖေခြံမှာအလုပ်လုပ်နေတာကိုသိလိုက်ရတဲ့အခါမှာအဆက်ဟောင်းလေးနဲ့ဘယ်လိုတွေနှစ်ပါးသွားမလဲသူဌေးကြီးကိုလိမ်ထားတဲ့ကိစ္စရောအဆင်ပြေပြေပြီးမလားလိမ်တာပေါ်သွားမလားဒီကားလေးကကျေးလက်ရဲ့ရှူခင်းတွေသဘာဝပတ်ဝန်းကျင်တွေကိုသေချာလေးရိုက်ပြထားတဲ့ကားလေးမို့စိတ်အပန်းပြေစေမယ့်လူငယ်ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ File Size : ( 782 MB , 254 MB)Quality :  WEB-DL 720pRunning Time : 1 hr 23 minFormat : Mp4Genre : RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by  PhueEncoded by Moe Myint Lwin 
movie

Feels Like Home (2019)

2019