Channel Myanmar

Jonny Brugh

Thor: Love and Thunder (2022) 7
Thor: Love and Thunder (2022) ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie

Thor: Love and Thunder (2022)

4K HEVC
What We Do in the Shadows (2014) 7.7
What We Do in the Shadows (2014) (Unicode)ဗီယာဂို ၊ ဒီယေဂို နဲ့ ဗလာဒစ်စလာဗ်တို့ဟာ တစ်အိမ်တည်းမှာ အတူနေထိုင်ကြတဲ့ ဗင်ပိုင်းယားသူငယ်ချင်း (၃)ယောက်သူတို့ရဲ့ သက်တမ်းတွေဟာလည်း နှစ်ပေါင်းရာချီနေကြပြီပဲဖြစ်ပါတယ်။သူတို့လိုပဲ လူတွေနဲ့ရောနှောနေထိုင်ကြတဲ့ ဗင်ပိုင်းယားတွေ ၊ သမန်းဝံပုလွေတွေ ၊ စုန်းမတွေဟာလည်း ယနေ့ ခေတ်မှာအများအပြား တည်ရှိနေဆဲပဲဖြစ်ပါတယ်။သူတို့တွေဟာ နှစ်စဉ်နှစ်တိုင်း စုပေါင်းပြီးပါတီပွဲကျင်းပလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ ပူးပေါင်းကာ သူတို့ရဲ့ နေပုံထိုင်ပုံတွေ ၊ ရှာဖွေစသောက်ရပုံတွေကို လက်ခံရိုက်ကူးစေခဲ့ပါတယ်။ဒီကားကတော့ ယနေ့ခတ်မှာ ဗင်ပိုင်းယားတွေ ဘယ်လိုနေထိုင်ရှာဖွေစားသောက်ရသလဲဆိုတာတွေအခက်အခဲတွေ အလွဲတွေကို Documentory ဆန်ဆန်ရိုက်ကူးထားတဲ့ Comedy, Fantasy, Horror ကားပဲဖြစ်ပါတယ် ။Documentory ကားဆိုပေမယ့် မူးနောက်စေမယ့် ရိုက်ကွင်းရိုက်ကွက်တွေ မပါဝင်ပါဘူး။ဒီကားကိုပဲအခြေခံပြီး ဒီနှစ်ထဲမှာ What We Do in the Shadows (2019) ဆိုတဲ့ Series ထွက်ရှိထားပါတယ်။ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှု့တွေကိုလည်း ရရှိထားတဲ့ ဟာသကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

What We Do in the Shadows (2014)

2014
Mega Time Squad (2018) 5.8
Mega Time Squad (2018) ဒီဇာတ်ကားလေးကတော့ time travelကားလေးပါ။ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ။ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကို ဓားပြမှုရာကနေ ယူလာတဲ့လက်ပတ်လေးကအချိန်ခရီးသွားလက်ပတ်လေးဖြစ်နေတဲ့အခါမှာ Johnnyတစ်ယောက်ထူးဆန်းမှုတွေ တစ်သီကြီးနဲ့ကြုံရပါတော့တယ်။တစ်ခါအချိန်ခရီးသွားတိုင်း သူ့ရဲ့ကိုယ်ပွားတစ်ယောက်ပေါ်လာကနေကိုယ်ပွားတွေအများကြီးဖြစ်လာပါတော့တယ်။ဒါပေမယ့် ကိုယ်ပွားအချင်းချင်းတွေ့တဲ့အခါထျောင်ကျဲဆိုတဲ့တရုတ်နတ်ဆိုးကြီးရောက်လာတတ်ပြီးအကုန်လုံးကိုဝါးမျိုသွားတတ်ပါတယ်။Johhnyတစ်ယောက် သူ့ရဲ့ကိုယ်ပွားတွေအများကြီးနဲ့ဘယ်လိုဒုက္ခသုက္ခတွေရောက်မလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ရှုစားလိုက်ပါခင်ဗျာ File Size : ( 737 MB) & ( 277 MB)Quality : Web-DL 720pRunning Time :1hr 26 minFormat : Mp4Genre : Action , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Ye Man AungEncoded by Moe Myint Lwin
movie

Mega Time Squad (2018)

2016