Channel Myanmar

Jordan Firstman

Rotting in the Sun (2023) 7.0
Rotting in the Sun (2023) Rotting in the Sun (2023) ================== IMDb Rating - 7.0/10စိတ်ကူးယဉ်‌မဟုတ်ဘဲ တကယ့်လက်တွေ့ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ ခပ်ဆန်းဆန်း comedy-triller ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ထူးခြားချက်က စာရေးဆရာ၊ ဒါရိုက်တာ ဆဘတ်စ်ရှန်ဆေလ်ဗာနဲ့ ဟာသ သရုပ်ဆောင်မင်းသား ဂျော်ဒန်ဖတ်စ်မန်းတို့က သူတို့ကိုယ်တိုင်အနေနဲ့ ခေါင်းဆောင်ပါ၀င်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့... ဆဘတ်စ်ရှန်ဟာအနုပညာလောကမှာ အောင် မြင်မှုရ‌အောင်ကြိုးစားနေတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာပါ။ suicide လုပ်တဲ့ ကိစ္စတွေစိတ်၀င်စားတတ်ပြီး ပါးစပ်ကလည်း အမြဲထုတ်ပြောတတ်ပါတယ်။ ဆေးစွဲပြီး စိတ်ဓာတ်ကျ‌နေတဲ့ ဆဘတ်စ်ရှန်တစ်ယောက် တစ်နေ့တော့ ဂေး တို့ပျော်စံရာလို့နာမည်ကြီးတဲ့ nudist ကမ်းခြေကို ရောက်သွားပါတယ်။ အဲဒီ မှာ ဆိုရှယ်အင်ဖလူရန်ဇာ ဂျော်ဒန်ဖတ်စ်မန်းနဲ့ ‌တွေ့ဆုံခဲ့ပါတယ်။ အဲဒီကစ လို့ သူတို့နှစ်ဦး ပရောဂျက်တစ်ခု အတူလုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒီပရော ဂျက်ကို ဆဘတ်စ်ရှန်ရဲ့အိမ်မှာ အတူလုပ်ကြဖို့ စီစဉ်ထားပါတယ်။ ပရောဂျက် အလုပ်စဖို့ ဂျော်ဒန်ရောက်လာချိန်မှာတော့ ဆဘတ်စ်ရှန်တစ်ယောက် အိမ် မှာမရှိဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့အခါ...။*** ဇာတ်လမ်းမှာ nudist beach က ဇာတ်၀င်ခန်းတွေနဲ့ မိသားစုအတူမကြည့် သင့်တဲ့ ဇာတ်၀င်ခန်းနည်းနည်း ပါ၀င်တဲ့အကြောင်း ...
movie

Rotting in the Sun (2023)

2023
You People (2023) 5.5
You People (2023) You People (2023)နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie ...
movie

You People (2023)

2023