Channel Myanmar

Jorge Sanz

The Man from Rome (2022) 5.1
The Man from Rome (2022) The Man from Rome(2022)IMDb - 5.1/10ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာ ထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့ မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။ တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာ အဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။ အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerက မာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့ သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။အဲဒီလိုစုံစမ်းရာကနေ ...
movie

The Man from Rome (2022)

2022
Conan the Barbarian (1982) 6.9
Conan the Barbarian (1982) Conan the Barbarian (1982) IMDb - 6.9/10_____Rotten Tomatoes - 70% Conan The Barbarian (1982) နဲ့ Conan The Destroyer (1984) ဇာတ်ကားတွေကတော့ မင်းသားကြီး အာနိုးကို စင်တင်ပေးခဲ့တဲ့ ရောမခေတ် Dark Magic အခြေခံဇာတ်ကားတွေဖြစ်ပါတယ်။ Conan The Barbarian (1982) ဇာတ်ကားရဲ့အောင်မြင်မှုဟာ စံချိန်တွေချိုးခဲ့ပြီး ရိုက်ကူးစဉ်က အမေရိကန်ဒေါ်လာ (၁၆) သန်းသာ ကုန်ကျခဲ့ပေမယ့် ရုံဝင်ငွေ သန်း(၁၃၀)ထိပြန်လည်ရရှိခဲ့ပါတယ်။ အာနိုးရဲ့ငယ်စဉ်က ဘော်ဒီအလှအပနဲ့ ရောမခေတ် အကြမ်းအရမ်း အသတ်အဖြတ်တွေအပြင် Dark Magic အစီအရင်တွေနဲ့ပါ ထည့်သွင်းရိုက်ကူးထားတာမို့ တခြားဇာတ်ကားတွေနဲ့မတူတဲ့ ရသတွေကို ခံစားရမှာပါ။ အားပေးကြည့်ရှုကြပါဦး။  File size…(1.1 GB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:09:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by MgKing
movie

Conan the Barbarian (1982)

1982