Channel Myanmar

José Sacristán

Toro (2016) 5.9
Toro (2016)  Action၊ crime movieလေးကိုမှ ညီအစ်ကိုကြားသံယောဇဥ်တွေကိုပါမြင်တွေ့ရမယ့် စပိန်မူဗီလေးပါ...။တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီးမူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်...။တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့်အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ...။တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်...။သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခုခိုင်းလိုက်ပါတော့တယ်....။ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ....။တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား....ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန်Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.23GB / 655MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Toro (2016)

Magical Girl (2014) 7.2
Magical Girl (2014) Magical Girl (2014)ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.3GB, 380MB, 228MB Quality  ...
movie

Magical Girl (2014)

2014
[18+] Madrid, 1987 (2011) 6.2
[18+] Madrid, 1987 (2011) Madrid 1987 (2011)IMDb Rating (6.2)/ Rotten Tomatoes (89%)ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ၁၉၈၇... စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်‌ဆွဲ‌ပွဲတွေဖြစ်နေကြတဲ့အချိန်ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့‌ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။ အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ‌ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။ အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။ အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။ "‌ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို... မင်းတောင်ပံ‌တစ်စုံနဲ့ ငါပြန်နုပျိုပါ‌ရစေ" မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။ အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။ အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ ...
movie

[18+] Madrid, 1987 (2011)