Channel Myanmar

Josh Cruddas

Cascade (2023) 4.9
Cascade (2023) Cascade (2023) ============Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့ သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီး သွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲ ခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊ လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန် တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကို ရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်က နေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်က အပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေ အပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက် ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက် လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movie တစ်ပုဒ် စတင်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie

Cascade (2023)

2023
Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022
Resident Evil: Welcome to Raccoon City (2021) 5.6
Resident Evil: Welcome to Raccoon City (2021) ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်းလီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့ကမိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလားအခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီးဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ...  File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP ...
movie

Resident Evil: Welcome to Raccoon City (2021)

2021
4K HEVC Web-DL
The Silencing (2020) 6.1
The Silencing (2020) The Silencing (2020)================IMDb Rating - 6.1/10#Unicodeဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ဇာတ်ကားလေးပါ။  ဒီဇာတ်ကားဟာ action, crime, thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရေဘန်ဆွမ်ဆန်ဟာ အမဲလိုက် မုဆိုးဘဝကိုစွန့်လွှတ်ပြီးတော့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြီးကို စောင့်ရှောက်နေတဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာတော့ မိန်းကလေးငယ်လေးတွေရဲ့ မူမမှန်တဲ့အသတ်ခံရခြင်းတွေဖြစ်လာတဲ့အခါ......သူ့ရဲ့ ရုတ်တရက်ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကရောဒီကွင်းဆက်လူသတ်မှုထဲမှာ ပါဝင်နေမလားဆိုတာကို ရဲအရာရှိဂက်စတက်ဆင်နဲ့အတူ လိုက်လံစုံစမ်းကြတာကိုလျှို့ဝှက်သည်းဖိုဆန်ဆန်ကြည့်ရှုရမှာပါ။ရေဘန်ဆွမ်ဆန်အဖြစ် ကျွန်တော်တို့အကြိုက်မင်းသားတစ်ယောက်ဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှJaime Lannister (Nikolaj Coster-Waidau) က ပါဝင်သရုပ်ဆောင်ထားပြီးတော့၊ ရဲအရာရှိဂက်စတက်ဆန်အဖြစ်Peaky Blinders ထဲက Thomas Shelby ရဲ့ အမျိုးသမီးလေး Grace က ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ဇာတ်ကားလေးပါ။ ...
movie

The Silencing (2020)

2020
Polar (2019) 6.3
Polar (2019) Polar (2019)____IMDb - 6.3/10  Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)    File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie

Polar (2019)

2019