Channel Myanmar

Joshua Sasse

Frankenstein’s Army (2013) 5.4
Frankenstein’s Army (2013) Frankenstein's Army (2013)IMDb - 5.4/102013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein's Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ်ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူးသိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပဲ ဖြစ်ပါတယ် )File size_(1.8GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror , Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie

Frankenstein’s Army (2013)

Love Is in the Air (2023) 5.6
Love Is in the Air (2023) Love is in the air (2023)Love is in the air ဆိုတဲ့ Australian romantic, comedy ဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Dana က မိခင်ဆုံးသွားပြီးတဲ့နောက်ပိုင်း သူ့အမေအရမ်းချစ်မြတ်နိုးတဲ့ မိသားစုပိုင်လေကြောင်းလိုင်းကို အဖေနဲ့အတူတူ ဦးစီးလုပ်ကိုင်နေတဲ့သူပါ။ သူတို့လေကြောင်းလိုင်းက မြို့နဲ့ဝေးတဲ့နေရာက ကမ်းခြေတွေ၊ ကျွန်းတွေဆီကို စာတွေ၊ ပစ္စည်းတွေပို့ပေးပြီး အရေးပေါ်ကိစ္စကူညီတာတွေကို အဓိကလုပ်ပေးနေတော့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေက ချွတ်ခြုံကျလာရော။ William ကတော့ ချမ်းသာတဲ့မိသားစုရဲ့ အမွေဆက်ခံသူ သားတစ်ယောက်ဖြစ်ပြီးတော့ ဖခင်စိတ်ကျေနပ်အောင် အမြဲကြိုးစားပေးနေတဲ့သူပေါ့။ တစ်နေ့ သူတို့လုပ်ငန်းလက်အောက်မှာရှိတဲ့ Dana တို့မိသားစုပိုင် လေကြောင်းလိုင်းကို အမြတ်အစွန်းမရလို့ဆိုပြီး အပြီးပိတ်ပစ်ဖို့လုပ်ပါတော့တယ်။ အဲဒါနဲ့ ဩစတေးလျကိုသွားပြီး လုပ်ငန်းအခြေအနေကို စစ်ဆေးဖို့ William ကို သူ့အဖေက လွှတ်လိုက်တဲ့အခါမှာတော့ Dana တစ်ယောက် သူ့အမေချန်ခဲ့တဲ့ တစ်ခုတည်းသောအရာကို ဆက်ပြီး ကာကွယ်သွားနိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ...
movie

Love Is in the Air (2023)

2023