Channel Myanmar

Joshua Warrior

Limbo (2023) 6.3
Limbo (2023) Limbo (2023) ===========IMDb Rating 6.3, Rotten Tomatoes 96% ရရှိထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ Australia နိုင်ငံက ရိုက်ကူးထုတ်လုပ်တာမို့ မြင်နေကြ Hollywood ရုပ်ရှင်တွေနဲ့ ကွဲပြားပါတယ်။ ထို့အပြင် အဖြူအမည်းနဲ့ပဲ တင်ဆက် ထားတဲ့အတွက် အမြင်ထူးခြားနေပါတယ်။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ‌ကောင်းတယ် မကောင်းဘူး ဖြစ်သွားနိုင်တဲ့ ဇာတ်ကား လို့ပဲညွှန်းဆိုချင်ပါတယ်။ တကယ်လို့ Slow burn ဖြစ်တဲ့ Crime/ Drama/Mystery ရုပ်ရှင်မျိုးကြိုက်တယ်ဆိုရင် ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ က ပျောက်ဆုံးသွားတဲ့ ရှားလက် ဆိုတဲ့ လူမည်း ကောင်မလေးအမှုကို ပြန်လည်စုံစမ်းသုံးသပ်ဖို့ မြို့ငယ်လေးကို ထရာဗစ်ဟာလီဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပါတယ်။ မြို့လေးကိုလာရောက်စုံစမ်းရင်း ကားထဲက ပစ္စည်းတွေ အခိုးခံရကာ မြို့ကို မပြန်နိုင်ဘဲသောင်တင်သွားပါတော့တယ်။ ဒီလိုနဲ့ ထရာဗစ် တစ်ယောက် အမှုကို ပြန်လည်သုံးသပ်ဖို့အချိန်ရသွားပါတော့တယ်။ ဒီမှာသူတွေ့လိုက်ရတာက လူမျိုးရေးခွဲခြားမှုတွေ ကြားမှာ ဘယ်လို တွေဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ . ကျန်တာတော့ဇာတ်ကားထဲမှာ ဆက် လက်ကြည့်ရှု့ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်)File Size..........(1.37 GB) ...
movie

Limbo (2023)

2023