Channel Myanmar

Juan Fernández

Arachnophobia (1990) 6.5
Arachnophobia (1990) Arachnophobia (1990)~ IMDb - 6.5/10, Rotten Tomatoes - 93% ~ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့‌လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Arachnophobia (1990)

1990
Executive Decision(1996)
Executive Decision(1996)  Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie

Executive Decision(1996)

Infiesto(2023) 6.7
Infiesto(2023) Infiesto(2023)*************စပိန်နိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းသတ်မှတ်ကာလကို စပိန်အစိုးရကြေညာဖို့စီစဉ်နေပါတယ်။ ဒီသတင်းထုတ်ပြန်နေချိန်မှာပဲစပိန်နိုင်ငံရဲ့ တစ်‌နေရာမှာပြန်ပေးဆွဲခံထားတဲ့ကလေးတစ်ယောက်ဟာ လွတ်မြောက်လာခဲ့ပြီးဆေးရုံကိုရောက်နေပါတယ်။ ကလေးအခြေအနေဟာ အတော်ဆိုးနေပြီး ညှင်းပန်းနှိပ်စက်တဲ့ဒဏ်တွေကြောင့်စကားမပြောနိုင်ဘဲစိတ်ရောဂါပါ ရသွားပါတယ်။ အင်စပတ်တာ ဆမ်မူရယ်နဲ့လက်ထောက်စုံထောက်ကတ်စတိုတို့နှစ်ယောက်ဟာ ဒီအမှုကိုလိုက်လံစုံစမ်းပေမယ့်တရားခံကိုရှာတွေဖို့ခက်ခဲနေပါတယ်။ ဒီအမှုက လွန်ခဲ့တဲ့နှစ်တွေကဖြစ်ခဲ့တဲ့ပြန်ပေးဆွဲကွင်းဆက်လူသတ်မှုတွေနဲ့ပက်သက်နေပြီး နောက်ထပ်ကျုးလွန်နိုင်တဲ့လက္ခဏာတွေလည်းတွေ့ရတဲ့အတွက် ဆမ်မူရယ်တို့ တရားခံကိုအသည်းအသန်လိုက်ဖမ်းပါတော့တယ်။ ဆမ်မူရယ်တို့ရဲတပ်ဖွဲ့က တရားခံကိုဖမ်းနိုင်မလား တရားခံကလည်းနောက်လူသတ်မှုတွေကျူးလွန်နိုင်မလားဆိုတာFile Size :(3.5GB) (625 MB) and (268 MB) Quality : WEB-DL 1080P5.1Ch,  720p Format…mp4 Duration…01:36:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Infiesto(2023)

In Hell (2003) 6.2
In Hell (2003) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထောင်ဇာတ်လမ်းကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသားကြီး Van Damme ရဲ့ ဇာတ်ကားဖြစ်တဲ့ In Hell ဆိုတဲ့ ဇာတ်ကားပါ ။In Hell ဆိုတဲ့အတိုင်း ထောင်တွင်း လာဘ်စားမှု့တွေ ၊ ထောင်တွင်း လူမိုက်ဂိုဏ်းတွေရဲ့ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု့တွေ အပြင် ထောင်ဆိုတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကိုပါ သေချာရိုက်ပြထားတာပါ ။ဇာတ်လမ်းကတော့...မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါအလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါထောင်တွင်း သတ်ကွင်းတွေ ၊ ...
movie

In Hell (2003)

A Man Apart (2003) 6.1
A Man Apart (2003) A Man Apart (2003)2003 ခုနှစ်က Vin Diesel ရဲ့ မူးယစ်ဆေးအက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ခုပါ။ မင်းသားကြီးရဲ့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာဖြစ်ပြီး ထိုခေတ် ထိုအခါက လူမည်းဗန်းစကားတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုနေပြတာကိုလည်း တွေ့ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ခွေးကောင် လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာသာပြန်ပြီး ရေးကြည့်တဲ့အခါမှာ အရုပ်ဆိုးအကျည်းတန်နေလို့ ဒေါ့ဂ် လို့ပဲ သုံးနှုန်းထားပါတယ်။မက္ကဆီကို ကိုလံဘီယာ ကနေပြီး ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးတင်ပို့မှုလမ်းကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားလို့ မူးယစ်ဆေးဈေးကွက်ရဲ့ တန်ဖိုးနဲ့ပမာဏကို တအံ့တဩဖြစ်ရမှာပါ။ 2003 ခုနှစ်က ဇာတ်လမ်းဖြစ်လို့ အဲဒီပမာဏထက် အခုလက်ရှိမှာ ဘယ်လောက်ထိပိုနေမလဲ တွေးမိရင် ကြက်သီးထဖွယ်ပါပဲ။ ကယ်လီဖိုးနီးယား သင်္ဘောဆိပ်တွေကနေ တစ်လကို မက်ထရစ်တန် ရာချီပြီး အမေရိကားနိုင်ငံထဲကို ရဲလက်ကလွတ်‌အောင် ကိုကင်းတွေ တင်သွင်းနေတာတွေကိုကြည့်ရတာ ...
movie

A Man Apart (2003)

2003
Nightcrawler (2014) 7.9
Nightcrawler (2014) IMDb Rating (7.8) / Rotten Tomatoes (95%)အကြံအဖန်လုပ်တတ်တဲ့သူခိုး... အဲဒီလိုပြောလို့ ဒီ Nightcrawler ကို သူခိုးကားလို့မထင်ပါနဲ့။ ဒီကားဟာ တကယ်တော့ သတင်းထောက်ကားလို့တောင်ပြောလို့ရတယ်။ မင်းသားက Jake Gyllenhaal ဆိုတော့ သရုပ်ဆောင် လန်ထွက်ချက်က ၂ချက်​လောက် နားရင်းအုပ်ချင်လာမှာပါ...ဇာတ်လမ်းကတော့ မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုး​ပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ်... သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး...မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ...
movie

Nightcrawler (2014)

2014
[21+] Sex and Lucía (2001) 7.1
[21+] Sex and Lucía (2001)    [21+] Sex and Lucía (2001) IMDb...7.2,,Rotten...71   ဆရာကြီးပီမိုးနင်းက  ကာမသိဒ္ဓိကျမ်း ဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့တယ်... ဆရာကြီးကတော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ပတ်သက်ပြီး ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေဖို့ရည်ရွယ်ရေးသားခဲ့ပေမယ့် တစ်ချို့သော သူတွေအတွက် ညစ်ညမ်းစာပေသဘောမျိုးခံစားကြတာရှိတယ်... ဒီလိုပဲရုပ်ရှင်လောကမှာလည်း Lust, Caution , Rape me, Nymphomaniac စတဲ့ဇာတ်လမ်းမျိုးတွေဟာ ပညာပေးဇာတ်လမ်းတွေပါပဲ.. သိတဲ့အတိုင်း  အထက်ပါဇာတ်ကားများဟာ အတော်ပွင့်ပွင့်လင်းလင်းနဲ့ sex အခန်းပေါင်းများစွာပါလေ့ရှိတယ်... တစ်ချို့တွေကတော့ အာရုံတစ်မျိုးနဲ့ခံစားကြတယ်ပေါ့လေ... သို့ပေမယ့် ဒီလိုဇာတ်အိမ်ကောင်းကောင်း ပွင့်လင်းမြင်သာတဲ့အခန်းပေါင်းများစွာပါဝင်ဇာတ်ကားတွေကတော့ လက်ချိုးရေလို့ရပါတယ်...ဒီစာရင်းထဲမှာ  Sex and Lucía(2001) ဇာတ်ကားကို မဖြစ်မနေထည့်သွင်းရမယ်လို့ထင်ပါတယ်... ဆုပေါင်း(၁၀)ဆုရရှိခဲ့သလို ဆန်ကာတင်(၁၇)ခုစာရင်းလည်းဝင်ခဲ့ပါတယ်...ဒီကားက အထက်မှာပြောခဲ့သလိုပဲ (21+)ခန်းတွေနဲ့ အနုပညာမြောက်စွာပုံဖော်ထားပါတယ်... ကိုင်း အနုပညာမြောက်စွာခံစားတတ်တဲ့သူမျိုးတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါသည်... အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်.... File Size : (1 GB) Quality : Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie

[21+] Sex and Lucía (2001)

2001
The Collector (2009) 6.4
The Collector (2009) Desperate to repay his debt to his ex-wife, an ex-con plots a heist at his new employer's country home, unaware that a second criminal has also targeted the property, and rigged it with a series of deadly traps.ကြောက်မက်ဖွယ်ရာလူသတ်အက်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ချေ့စ်မိသားစုဟာဆိုရင် ဒက်ထရွိုက် မှာရှိတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ကျပါတယ်။ဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုရင် အာကင်ဆိုတဲ့ လူကို တံခါးပေါက် ပြတင်းပေါက်တွက် တပ်ဆင် ပေးဖို့အတွက်ငှားရမ်းလိုက်ပါတယ်။အာကင်ရဲ့ အမျိုးသမီးဟာဆိုရင် အကြွေးတွေ နစ်နေပြီး ငွေကို အရေးတကြီးလိုအပ်နေပါတယ်။အာကင် ရဲ့ လုပ်ခကလည်း အကြွေးပေးရအောင် မလုံလောက်ပြန်ပါဘူး။ဒီအချိန်မှာ ကြံရာမရတဲ့အဆုံး အာကင်ဟာ ချေ့စ်မိသားစုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အစီအစဉ်ချ ...
movie

The Collector (2009)

2009