Channel Myanmar

Juda Goslinga

Bullhead (2011)
Bullhead (2011)  ဒီတစ်ခါမှာတော့ ဘယ်ဂျီယံဇာတ်ကားလေးတစ်ပါးဖြစ်တဲ့ Bullhead ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ဂျက်ကီဟာ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့မွေးမြူရေးသမားတစ်ယောက်ပါ တစ်နေ့သူတို့ဆီကအသားတွေကိုတင်သွင်းချင်တယ်ဆိုပြီး မာဖီယာတစ်ယောက်ကဆက်သွယ်လာပါတယ် အဲ့ရက်ပိုင်းအတွင်းမှာပဲ အသားပိုတိုးအောင်တိရစ္ဆာန်တွေထဲကို ဟော်မုန်းဆေးတွေတရားမဝင်ထိုးခြင်းကို စုံစမ်းစစ်ဆေးရတဲ့ ဒါအဲမ်ဆိုတဲ့ရဲတစ်ယောက်အသတ်ခံရပါတယ် ဂျက်ကီကလည်း အဲ့ဒီလူသတ်မှုမှာညသူတို့နဲ့အလုပ်တွဲလုပ်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ပက့သက်နေမလားဆိုပြီး သံသယဝင်နေခဲ့ပါတယ် သူတို့နဲ့တွေ့ဆုံကြည့်တဲ့အခါမှာ အဲ့ဒီမာဖီယာရဲ့တပည့်တစ်ယောက်က သူ့ရဲ့ငယ်ငယ်ကသူငယ်ချင်းဒီယဲဒရစ်ဖြစ်နေတာကိုသိလိုက်ရပါတယ် အဲ့အချိန်မှာ သူ့ရဲ့ငယ်ငယ်ကနာကျင်စရာအဖြစ်အပျက်ဆိုးကြီးကအတွေးထဲပြန်ဝင်လာပါတယ်ဂျက်ကီငယ်ငယ်က ဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ သူငယ်ချင်းဒီယဲဒရစ်နဲ့ရောဘာလို့ဝေးကွါခဲ့ရတာလဲ မာဖီယားတွေလက်အောက်မှာအလုပ်လုပ်နေတဲ့ဒီယဲဒရစ်ရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ File size…(1.8 GB GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Bullhead (2011)

Faithfully Yours (2022) 5.9
Faithfully Yours (2022) Faithfully Yours (2022) ================= IMDb Rating - 5.5/10အိမ်ထောင်ရှိတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် Bodil နဲ့ Isabel၊ သူတို့ယောကျ်ားတွေ မသိအောင် ဖောက်ပြန်ဖို့ Belgian ကမ်းခြေဆီ ပိတ်ရက် ခရီးထွက်သွားကြတယ်။ ကမ်းခြေမှာ တစ်ယောက်တစ်နေ ရာဆီ လျှောက်သွားပြီး ပျော်ရင်း သူတို့ယောကျ်ားတွေကိုတော့ အတူ တူရှိနေကြောင်း လိမ်ဖို့ အစီအစဥ်နဲ့​ပေါ့။ Isabel ရဲ့ ယောကျ်ားက သူ့ မိန်းမကို စိတ်မချလို့ ဖုန်းမှာ GPS တပ်ထားတယ်။ အဲဒါကို သိတဲ့ Isabel က သူ့ဖုန်းကို Bodil ဆီ ပေးထားပြီး Bodil ကလည်း Isabel ယောကျ်ား ဆီ ဓာတ်ပုံတွေပို့ရင်း အိမ်မှာရှိနေကြောင်း Isabel ဟန်ဆောင်ပြီး လိမ် တာပေါ့။ဒါပေမဲ့ Bodil တခြားယောကျ်ားတစ်ယောက်နဲ့ ကမ်းခြေသွားအပြီး အိမ် ပြန်တော့ ကြမ်းပြင်မှာ သွေးတွေရွှဲပြီး Isabel ​ပျောက်သွားတာကို သိရ တယ်။ သူတို့ယောကျ်ားနှစ်ယောက်လည်း အဲဒီအိမ်ကို လိုက်လာပြီး ​ရဲ တွေကစစ်ဆေးတော့ ...
movie

Faithfully Yours (2022)

2022
Baantjer het begin (2019) 6.8
Baantjer het begin (2019) Baantjer het begin (2019) ================== IMDb Rating - 6.8/10ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.87 GB) / (680 MB) / (364 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 53Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Fiona ...
movie

Baantjer het begin (2019)

2019
Silverstar (2022)
Silverstar (2022)  ရှုခင်းလှလှလေးများနဲ့ ကျေးလက်အငွေ့အသက်လေးတွေ ပါဝင်တဲ့ ဒတ်ချ်စကားပြော ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Silverstar ဆိုတဲ့မြင်းလေးနဲ့ Esmee ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးကြားထဲက ထူးခြားတဲ့ဆက်နွယ်မှုအကြောင်းကို စွန့်စားခန်းဆန်ဆန် တင်ဆက်ထားပါတယ်. Look at it from the bright side ဆိုတဲ့အတိုင်း နေရောင်ခြည်၊ စိုက်ခင်းလေးများ၊ လေပြည်ညင်းနဲ့ တောလမ်းကလေးများကို တစ်လှည့် ခံစားရင်း.ပစ္စုပ္ပန်မျက်မြင်က ဘဝကိုပဲ ပွေ့ဖက်ရင်း. မြင်းကုန်းနှီးပေါ်က လွတ်လပ်မှု၊ ဆံဖျားနဲ့ မျက်နှာကို တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အရိုင်းဆန်မှု၊ ဆက်ကျော်သက်ဘဝ တဇွတ်ထိုးဆန်မှု၊ မိသားစုနဲ့ချစ်မေတ္တာ စသည်တို့ကို အချိုးညီစွာ ထင်ဟပ်ပြသထားတဲ့ နိုင်ငံခြားစကားပြောဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(2.22GB)  / (1.16GB) /625.35MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre...Adventure Subtitle….Myanmar ...
movie

Silverstar (2022)

Quo vadis, Aida?(2020) 7.9
Quo vadis, Aida?(2020) Quo Vadis, Aida ?(2021) =================== IMDb Rating. = 7.9/10 Rotten Tomatoes = 100%July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ...
movie

Quo vadis, Aida?(2020)

2020