Channel Myanmar

Judith Dim Evans

Borat Subsequent Moviefilm (2020) 7.1
Borat Subsequent Moviefilm (2020) IMDb (7.1) / Rotten Tomatoes (84%)ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ...
movie

Borat Subsequent Moviefilm (2020)

2020