Channel Myanmar

Judith Jones

Sunshine Cleaning (2008) 6.8
Sunshine Cleaning (2008) Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ်ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက်သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာကငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူသင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလိုလာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါမှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ်ပြီး ဒီလို မှုခင်းတွေကို ...
movie

Sunshine Cleaning (2008)