Channel Myanmar

Julia Barretto

Will You Be My Ex? (2023) 6
Will You Be My Ex? (2023) Will you be my Ex? (2023)ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ...
movie

Will You Be My Ex? (2023)

2023
[18+] Expensive Candy (2022) 7.2
[18+] Expensive Candy (2022) Expensive Candy (2022)~ IMDb - 7.2/10, MyDramaList - 7.4/10 ~ရီနာတို ခေါ် တိုတိုဟာ သမိုင်းဆရာတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်ကျော်တဲ့အထိ အချစ်အကြောင်းသိဖို့‌နေနေသာသာ လူပျိုရည်တောင်မပျက်သေးတဲ့ ရိုးရိုးအေးအေးသမားလေးပါ။ အရွယ်ရောက်ပြီး အမြီးမပေါက်နိုင်တဲ့သားဖြစ်သူအတွက် စိတ်ပူနေတဲ့မိခင်ဖြစ်သူက တစ်နေ့တော့ မုန့်ဖိုးပေးပြီး ကောင်မလေးတစ်ယောက်နဲ့မုန့်ထွက်စားခိုင်းပါတယ်။ ကျောင်းမှာကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက စနောက်ကြသလို မိခင်ကပါ ဒီကိစ္စမှာပါလာတော့ စိတ်လေနေတဲ့ တိုတိုဟာ ခြေဦးတည့်ရာလျှောက်သွားရင်း သူ့အမေပေးတဲ့မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ခဲ့ပါတယ်။ မုန့်တော့မဟုတ်ပါဘူး။ ကန်ဒီဆိုတဲ့ ဈေးကြီးကြီး ဇိမ်မယ်လေးတစ်ယောက်ကိုပါ။တစ်ခါမှ မိန်းမအတွေ့အကြုံမရှိဖူးတဲ့အပြင် သူ့ရဲ့ပထမဆုံးအတွေ့အကြုံကလဲ အရမ်းလှ အရမ်းတောင့်ပြီး ဒီကိစ္စမှာ အရမ်းကျွမ်းကျင်တဲ့ပညာသည်တစ်ယောက်ဖြစ်နေတဲ့အလျောက် တိုတိုတစ်ယောက် အရူးအမဲသားကျွေးမိသလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ တစ်လလုံးလုပ်မှ ၇၀၀၀ ကျော်ရတဲ့ကျောင်းဆရာလေးဟာ တစ်ရှော့ကို ခုနှစ်ရာတန်တဲ့ကန်ဒီကို အခွင့်အရေးရရင်ရသလိုတွေ့ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ တစ်သက်လုံး မက်စရာလို့မထင်ခဲ့ရတဲ့ငွေကို သူဟာ နည်းလမ်းပေါင်းစုံနဲ့ရှာပါတယ်။ သူ့ရဲ့ အန္တိမရည်မှန်းချက်က ကန်ဒီကိုတွေ့ရဖို့ပါပဲ။ ...
movie

[18+] Expensive Candy (2022)

2022
Bahay na Pula (2022)
Bahay na Pula (2022) Bahay Na Pula (2022)Bahay na Pula သို့မဟုတ် အိမ်နီကြီး ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာစစ်တပ် ဖိလစ်ပိုင်နိုင်ငံကို ကျူးကျော်စဥ် အစုလိုက်အပြုံလိုက် လူသတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့နေရာပါ။ ဂျပန်စစ်တပ်ဟာ နီးစပ်ရာက ယောကျ်ားမှန်သမျှ ကောင်လေးတွေပါမချန် သတ်ဖြတ်ခဲ့ပြီး မိန်းကလေးပေါင်း ၁၀၀ ကျော်ကို လိင်ကျွန်အဖြစ် အိမ်အနီထဲမှာ ချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်။ဒါကတော့ အပြင်က သမိုင်းကြောင်းပါ။ ဒီဇာတ်လမ်းဟာလည်း အဲအိမ်နီကို အခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ ရက်ဖီနဲ့ ဂျိမ်းဆိုတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင် အိမ်ကိုရောင်းချပြီး ဖြိုချနိုင်ဖို့ ထိုအိမ်ဆီကို ရောက်လာကြပါတယ်။ အဆိုပါအိမ်ကို အစ်ဆင်းဆိုတဲ့ မိန်းမကြီးတစ်ယောက်က စောင့်ရှောက်ပေး နေတာပါ။ အိမ်ကို ရောက်လာပြီး လင်မယားနှစ်ယောက်ကြား မပြေလည်မှုတွေဖြစ်လာပါတော့တယ်။ ထိုအိမ်ကို ရောင်းချဖို့လုပ်ထားပေမယ့် အစိုးရကတော့ သမိုင်းဝင်နေရာဖြစ်တာကြောင့် ဖြိုချခွင့်မပြုနိုင်ဘူးဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ အဲဒါကြောင့် ဂျိမ်း တစ်ယောက် အိမ်ကိုရောင်းချနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း ရက်ဖီ ဟာလည်း ငွေရေးကြေးရေး ...
movie

Bahay na Pula (2022)

Love You to the Stars and Back (2017) 8.3
Love You to the Stars and Back (2017) ကဲ ဖိလစ်ပင်း ကားကောင်းကောင်းလေးတွေ ကြည့်ချင်တဲ့ ပရိတ်သတ်အတွက် Love you to the stars and back လာပါပြီ...ဂြိုလ်သား တကယ်ရှိပါသလား?ဂြိုလ်သား တကယ်မရှိဘူးလား?ဒီမေးခွန်းဟာ အခုထိ လူတွေကြားမှာ အငြင်းပွားဖွယ် ပြဿနာဖြစ်နေဆဲပါ...ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂြိုဟ်သားတွေနဲ့ အမေရိကန်ကမ်းခြေစောင့်တပ်တို့ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခိုင်လုံတဲ့မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့ပေမယ့် အမေရိကန်အစိုးရက ဒီကိစ္စကို လုံးဝဖုံးကွယ်ထားတယ် လို့ အခုချိန်ထိ တပ်အပ်ယုံကြည်တဲ့ သူတွေလည်း ရှိနေဆဲပါ...ဒါကြောင့် ဂြိုဟ်သား ကိစ္စဟာ သို့လော သို့လော ပြဿနာ တွေထဲက တစ်ခုလို့ပြောလို့ရပါတယ်...ဒါပေမယ့် အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းထဲက မီကာဆိုတဲ့ မိန်းမပျိုလေးကတော့ ဂြိုဟ်သားတွေ တကယ်ရှိတယ်ဆိုတာ တထစ်ချယုံကြည်နေတဲ့သူပါ...မိခင်သေဆုံးပြီးတဲ့နောက် ဂြိုဟ်သားတွေနဲ့အတူနေထိုင်နေတယ်လို့ယုံကြည်ကာ...သူကိုယ်တိုင်လည်း မိခင်နောက် လိုက်ချင်နေခဲ့တာပေါ့...ဖခင်ကလည်း အိမ်ကို အမျိုးသမီးတစ်ယောက်ခေါ်လာပြီး ထို အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ လို့ ကြေငြာလိုက်ပြီးတဲ့ အခါမှာတော့ မီကာ ဟာ သူဂြိုဟ်သားတွေနောက် ...
movie


2017