Channel Myanmar

Julian Bailey

The Hummingbird Project (2018) 6.5
The Hummingbird Project (2018) ငှက်ပိတုန်းတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက်ခတ်ဖို့အချိန်က ၁ စက္ကန့်ရဲ့ ၁၀၀၀ ပုံ ၁၆ ပုံဖြစ်တဲ့ ၁၆ မီလီစက္ကန့်ပဲကြာပါတယ်။ဒီအချိန်လေးက လူတစ်ယောက်ရဲ့ ဘဝဖြစ်ခဲ့တယ်လို့ ပြောရင် ခင်ဗျားတို့ယုံကြမလား။ရေပိုင်ပြင်သူ တစ်ဖြစ်လဲ စတော့ရှယ်ယာ ရောင်းဝယ်တဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းလေး Vincent Zaleski ရဲ့ ဘဝကတော့ ဒီအချိန် ၁၆ မီလီစက္ကန့်လေးပေါ်မူတည်နေပါတယ်။သူအလုပ်လုပ်နေတဲ့ကုမ္ပဏီက နာနိုစက္ကန့်စီးပွားရေးလို့ခေါ်တဲ့ အမြန်နှုန်းကို အဓိကထားပြီး စတော့တွေကို ရောင်းဝယ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။Stock Exchange နှစ်ခုကြားက အချက်အလက်တွေကို အမြန်ဆုံးရယူပြီး Stock တွေကို အမြတ်ရအောင် ရောင်းဝယ်နေတဲ့ သူတို့လုပ်ငန်းမှာ အချက်အလက်ကူးပြောင်းနှုန်းက အရေးအကြီးဆုံးဖြစ်ပါတယ်။တစ်မီလီစက္ကန့်ဆိုရင်တောင်မှပေါ့။တစ်နေ့မှာ Vincent က အလုပ်ကထွက်ပြီး အစ်ကိုတဝမ်းကွဲဖြစ်သူ ဥာဏ်ကြီးရှင် Anton Zaleski ရဲ့အကူအညီနဲ့ အမြန်ဆုံး လိုင်းတစ်ခုဆွဲဖို့စီစဉ်ကြပါတယ်။...
movie

The Hummingbird Project (2018)

2018
He’s Out There 2018 6.2
He’s Out There 2018   CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ သွေးထွက်သံယိုတွေ များပြီး ထိတ်လန့်ရမယ် Horror ဇတ်လမ်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် အလုပ်များတဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ လော်ရာ ဟာ တစ်ရက်မှာတော့ အိမ်ခြံမြေဈေးကွက်ကနေ ပေါချောင်ကောင်းနဲ့ အိမ်တစ်လုံးကို ၀ယ်လိုက်နိုင်ပါတယ်.... အဲ့ဒီအိမ်ကို သွားကြည့်ဖို့အတွက် မိသားစုလိုက် ခရီးထွက်ချင်သော်လဲ လော်ရာ ရဲ့ ယောင်္ကျားမှာ အလုပ်ကိစ္စများရှိနေသဖြင့် နောက်ကျမှ လိုက်လာမည်ဟု ပြောပြီး သမီး ၂ ယောက်ဖြစ်သူ မက်ဒီ နဲ့ ကေလာ ကို အဖော်ထည့်ပေးလိုက်ပါတယ်.... ခြံဝန်းကြီးနား ရောက်တဲ့အခါမှာတော့ ထိုပတ်ဝန်းကျင်ကို လှည့်လည်စောင့်ရှောက်သူ အိုဝင် နဲ့ တွေ့ရှိပြီး သူတို့ သားအမိတွေကို ယခင် အိမ်ရဲ့ မိသားစု အကြောင်း ပြောပြကာ ထိုမိသားစုထဲမှ ဂျွန်နီဆိုသော ကလေးမှာ ငယ်ငယ်ထဲက ပျောက်ဆုံးသွားကြောင်း နောက်ဆုံးမှာ မိသားစုဝင်များသည်လဲ ထိုအိမ်အား ဈေးကွက်မှာရောင်းဖို့တင်ကာ ပျောက်ခြင်းမလှပျောက်ကုန်ကြတယ် လို့ အိုဝင် ဆီက သိခဲ့ရပါတယ်.... ထွေထွေထူးထူး ကိစ္စမဟုတ်တဲ့အတွက် လော်ရာ လဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကာ သမီးတွေနဲ့ အတူ ခင်ပွန်းဖြစ်သူ အလာကို စောင့်နေခဲ့ပါတယ်... ဒီလိုနဲ့ မိုးချူပ်ခဲ့တဲ့ အခါမှာတော့ သူတို့ ဘ၀ မှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ နဲ့ ကြုံတွေ့ခဲ့ရသောအခါ...            ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Shain Htet Naing ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie

He’s Out There 2018

2018