Channel Myanmar

Julian Feder

Bunker (2022)
Bunker (2022) ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပထမကမ္ဘာစစ်ကအကြောင်းရိုက်ထားတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ကမ္ဘာစစ် ၂ခုလုံးမှာ မှော်ပညာတွေ အောက်လမ်းနည်းတွေ သဘာဝလွန်နည်းတွေ အဏုဇီဝလက်နက်တွေ ဓာတုလက်နက်တွေ မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းလွင့်လွင့်ရှိခဲ့ကြပေမဲ့ လူတွေမသိလိုက်ဘဲ သမိုင်းမတင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်သူမှအစရှာမရခဲ့တဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိနေတာပါ ဒီကားထဲမှာတော့ အင်္ဂလိပ် နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့ဟာ ဂျာမန်တွေစွန့်သွားတဲ့ ဘန်ကာထဲမှာ ပိတ်မိပြီး ဘာမှန်းမသိတဲ့အရာကို ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းရိုက်ထားတာပါ ဒီကားထဲမှာတော့ အထက်လူကြီးတွေချင်း ညှိနှိုင်းကြလို့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ အောက်ခြေတပ်သားတွေကြားက ပဋိပက္ခတွေကိုပါ မြင်ရမှာပါ စစ်ကားဆိုပေမဲ့ တိုက်ခိုက်တာသိပ်မပါဘဲ ဘန်ကာထဲမှာပိတ်မိနေတာကြောင့် အချင်းချင်းပဲ မယုံသင်္ကာတွေဖြစ်ရင်း တကယ်ရင်ဆိုင်ရမဲ့ အန္တရာယ်ကို မသိဘဲ စတေးနေရတဲ့ပုံစံမျိုး ရိုက်ထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(1.8 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Horror, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Bunker (2022)

Escape the Field (2022) 4.3
Escape the Field (2022) Escape the Field (2022)Thriller/ Mysteryသည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ ‌ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | ...
movie

Escape the Field (2022)

The Doorman 2020
The Doorman 2020 အယ်လီဟာ ရေတပ်ရဲ့ လက်နက်ကိုင်တပ်ဆာဂျင်တစ်ယောက်ဖြစ်ပါတယ် သံတမန်တစ်ယောက်ကို လိုက်ပါစောင့်ရှောက်ရတဲ့တာ၀န်မှာ သံတမန်နဲ့သူ့ကလေးကိုပါ မကာကွယ်လိုက်နိုင်တဲ့ အယ်လီတစ်ယောက်ကို အတိတ်ရဲ့အရိပ်တွေက အိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတုန်းပါပဲ ဒီလိုနဲ့ အယ်လီတစ်ယောက် သူ့ဦးလေးရဲ့အကူအညီနဲ့ ကယ်ရင်တန် အ‌ဆောက်အဦးကြီးမှာ ဧည့်ကြိုလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒီအဆောက်အဦးကြီးကို ပြန်လည်မွမ်းမံဖို့ တိုက်ခန်းနေသူတွေအကုန်ခဏတာ ပြောင်းရွှေ့ကြတဲ့ အီစတာပိတ်ရက်တစ်ရက်မှာ သူခိုးတွေဖောက်ထွင်း၀င်လာပြီး အယ်လီတစ်ယောက် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရင်း သူ့မိသားစုကို ကာကွယ်ပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ် အယ်လီအဖြစ် မင်းသမီး Ruby Rose က သရုပ်ဆောင်ထားပါတယ် File Size : 1GB and 500mb Quality : webrip 1080p/ 720p Format…mp4 Duration…1hr 37 min Genre : Action, Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by Chuck Chuck Encoded by ...
movie

The Doorman 2020

Walkaway Joe(2020) 6.3
Walkaway Joe(2020) Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့  အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Walkaway Joe(2020)