Channel Myanmar

Julie Gayet

Outrage (2023)
Outrage (2023)  Outrage(2023) ဇာတ်ကားလေးက အခုမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့action, thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာနာမည်ကျော်ဂျာမန်မင်းသား Clemens Schick ဝါရင့် Hollywood သရုပ်ဆောင်Jay O. Sanders နဲ့ မင်းသမီးချောလေး Adelaide Kane တို့ ပူးပေါင်းပါဝင်သရုပ်ဆောင်ထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ကြည့်ချင်အောင် ဇာတ်လမ်းလေးအမြည်းကျွေးရမယ်ဆိုရင်တော့ ဒီဇာတ်ကားကပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်းက စရပါမယ်။ ပြင်သစ်နိုင်ငံမှာအမျိူးသားရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီးတဲ့နောက် လက်ယာစွန်းရောက်သမားတွေက အကြမ်းဖက်မှုတွေ လုပ်လာတာတွေရှိပါတယ်။ အဲ့အချိန်မှာပဲနာမည်ကျော် ရုပ်သံမီဒီယာတစ်ခုက လာမဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်ချေရှိတဲ့အမျိူးသမီးနဲ့ စံအိမ်တစ်ခုမှာ တိတ်တိတ်လေးတွေ့ဆုံစကားပြောဖို့ စီစဥ်ခဲ့ပါတယ်။အဲ့အချိန်မှာ မင်းသမီးဖြစ်တဲ့ Ivy က ရုပ်သံပိုင်ရှင်ရဲ့ တူမဖြစ်ပြီး အဲ့တွေ့ဆုံပွဲမှာဘယ်လို မထင်မှတ်တာတွေ ဖြစ်သွားမလဲ နောက်ကွယ်က အကြောင်းတွေကဘယ်လိုရှိလို့ ဘယ်လိုတွေ ဖြစ်ကြမှာလဲ အဆုံးသတ်မှာရော ဘယ်သူတွေသေပြီးဘယ်သူတွေ ရှင်ကျန်မှာလဲ စတာတွေကို အစကနေ အဆုံး ဒီရုပ်ရှင်အချိန်တိုတိုလေးထဲမှာပျင်းစရာအချိန်မရှိအောင်ကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး ...
movie

Outrage (2023)

The French Minister (2013) 6.4
The French Minister (2013) IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…  2.2 GB  / 957.8 MB Quality… BluRay 1080p ...
movie

The French Minister (2013)

2013
Three Colors: Blue (1993) 7.9
Three Colors: Blue (1993) Three Colors: Blue (1993) Genre – Drama, Music, Mystery IMDB – 7.9/10ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော်အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီးယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေအချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကိုအပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေအရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းကလှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။ File size…  1.68 GB / 3.36 GB Quality… BluRay 1080p / 720p Format… ...
movie

Three Colors: Blue (1993)

1993
Three Colours: Blue (1993) 7.9
Three Colours: Blue (1993) Three Colours: Blue (1993) IMDb - 7.9/10_____Rotten - 98%    ကျွန်တော်တို့အားလုံးဟာတစ်ခါတစ်လေမှာတော့ တကယ့်လက်တွေ့ဘဝကနေထွက်ပြေးချင်နေမိကြပါတယ် ကျွန်တော်တို့လိုပဲဂျူလီဟာသူရဲ့လက်တွေ့ဘဝဖြစ်တဲ့ ပျက်စီးနေတဲ့မိသားစုဘဝကနေထွက်ပြေးနေခဲ့ပါတယ် သူ့တိုက်ခန်းထဲမှာပဲသူ့ကိုယ်သူပြန်ပိတ်ထားပြီး နာကျင်ခံစားလို့ရသမျှကိုသူတစ်ယောက်တည်းသာကြိတ်မှိတ်ပြီးခံစားချင်တာပါ ဒါပေမယ့်လူတွေနဲ့တော့သူမဟာလုံးဝမထိတွေ့၊မဆက်ဆံချင်တော့ပါဘူး အဲဒီလိုစိတ်ခံစားချက်တွေကိုဆန့်ကျင်နေတာကတော့ ပဲရစ်ရဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ် သိပ်မကြာခင်မှာပဲသူမဟာသူငယ်ချင်းဟောင်းဖြစ်သူအိုလီဗီယာနဲ့ ပြန်တွေ့မိရာကနေတကယ့်လက်တွေ့ဘဝကိုပြန်ရောက်လာမလား ဆက်ပြီးထွက်ပြေးနေမလားဆိုတာ...    ကျွန်တော်တို့အားလုံးဟာတစ်ခါတစ်လေမှာတော့ တကယ့်လက်တွေ့ဘ၀ကနေထွက်ပြေးချင်နေမိကြပါတယ် ကျွန်တော်တို့လိုပဲဂျူလီဟာသူရဲ့လက်တွေ့ဘ၀ဖြစ်တဲ့ ပျက်စီးနေတဲ့မိသားစုဘ၀ကနေထွက်ပြေးနေခဲ့ပါတယ် သူ့တိုက်ခန်းထဲမှာပဲသူ့ကိုယ်သူပြန်ပိတ်ထားပြီး နာကျင်ခံစားလို့ရသမျှကိုသူတစ်ယောက်တည်းသာကြိတ်မှိတ်ပြီးခံစားချင်တာပါ ဒါပေမယ့်လူတွေနဲ့တော့သူမဟာလုံးဝမထိတွေ့၊မဆက်ဆံချင်တော့ပါဘူး အဲဒီလိုစိတ်ခံစားချက်တွေကိုဆန့်ကျင်နေတာကတော့ ပဲရစ်ရဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ် သိပ်မကြာခင်မှာပဲသူမဟာသူငယ်ချင်းဟောင်းဖြစ်သူအိုလီဗီယာနဲ့ ပြန်တွေ့မိရာကနေတကယ့်လက်တွေ့ဘ၀ကိုပြန်ရောက်လာမလား ဆက်ပြီးထွက်ပြေးနေမလားဆိုတာ...    File Size : (1.3 GB) Quality : Blu-Ray 1080p Running Time : 1h 38min  Format : Mp4 Genre : Drama, Music, Mystery  Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Noe Encoded by sithu
movie


1993