Channel Myanmar

Julie Royer

Road House(1989) 6.6
Road House(1989) Road House (1989) ================= ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင်ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာအကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲမြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကိုဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကိုကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက်ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလိုအနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေအထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကိုရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲအနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလားဆိုတာကို စိတ်၀င်တစားကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။  File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Road House(1989)