Channel Myanmar

Juliet Cadzow

A Scottish Love Scheme (2024)
A Scottish Love Scheme (2024) A Scottish Love Scheme (2024)စိတ်အပန်းပြေဖို့ ကြည့်သင့်တဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စကော့တလန်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ ပန်းရောင်စုံ‌လေးတွေနဲ့ ဓလေ့ထုံးစံတွေကို မြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ကလေးဘဝတည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အမေနှစ်ယောက်က သူတို့သားနဲ့သမီးကို အဆင်ပြေစေဖို့ အောင်သွယ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။လီလီက ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီး သူမ အမြဲအိပ်မက်မက်ခဲ့တဲ့ ဓာတ်ပုံပညာသင်ဖို့ စပိန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကိုမသွားခင် သူ့အမေနဲ့အတူ သားအမိနှစ်ယောက် စကော့တလန်ကို ခရီးထွက်ခဲ့ပါတယ်။ လီလီအမေသူငယ်ချင်းရဲ့သား လိုဂန်က လီလီ့အတွက်လည်း ငယ်သူငယ်ချင်းဖြစ်ပြီး လက်ရှိမှာ ဇနီးဆုံးသွားတည်းက သားလေးနဲ့ မိသားစုလုပ်ငန်းကို ညီအစ်ကိုသုံးယောက်ဦးစီးနေပါတယ်။ လိုဂန်တို့က စကော့တလန်မှာ မျိုးရိုးစဉ်ဆက် အရက်ချက်စက်ရုံထောင်ထားပြီး လက်ဆင့်ကမ်းဦးစီးခဲ့တာပါ။လီလီတို့ရောက်တဲ့အချိန်မှာ လိုဂန်တို့ ဝီစကီအသစ်ထုတ်တာက ပြိုင်ဘက်စက်ရုံနဲ့ ဆင်တူနေတဲ့အခါ လေဘယ်ပြန်ဒီဇိုင်းဆွဲဖို့ ဖြစ်လာပြီး လီလီကို အမေတွေက ကူညီပေးခိုင်းခဲ့ပါတယ်။ လီလီလည်း ကူညီပေးရင်း လိုဂန်ရဲ့သားလေး ဖင်နဲ့ပါ သံယောဇဉ်တွယ်လာပါတယ်။ အစက ...
movie

A Scottish Love Scheme (2024)

Perfect Sense (2011) 7.0
Perfect Sense (2011) Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား... သူတို့ဘယ်လိုအခက်အခဲတွေ ...
movie

Perfect Sense (2011)

The Princess Switch: Switched Again(2020) 6.0
The Princess Switch: Switched Again(2020) The Princess Switch: Switched Again(2020)ဒီကားက The Princess Switch (2018) ရဲ့အဆက်ပါ...လူကြိုက်များပြီး ပေါက်လို့ 2020မှာSwitched Againဆိုပြီး ဆက်ရိုက်ကူးထားတာပါ...2018ကို ကြည့်ပြီးသားသူက ပြဿနာမရှိပေမဲ့မကြည့်ရသေးဘဲနဲ့တော့ ဒီကားကိုသွားကြည့်ရင် ခေါင်းမူးသွားမှာမို့ ၂၀၁၈ ကိုအရင်ကြည့်လိုက်ပါ...ဘုရင်စနစ်အုပ်ချုပ်တဲ့ ဘယ်ဂရေးဗီးယားနိုင်ငံ နဲ့ မွန်တဲနားရိုး နိုင်ငံ(၂)ခုရှိတယ်...မာဂရက်ဆိုတဲ့ကောင်မလေးက မွန်တဲနားရိုး နိုင်ငံရဲ့မင်းသမီးလေးပေါ့...၂၀၁၈ က ကားထဲမှာ ရုပ်ချင်းလုံးဝတူတဲ့သာမန်အရပ်သူလေးစတေးစီ နဲ့  မွန်တဲနားရိုးနိုင်ငံက မင်းသမီး မာဂရက်တို့ဟာလူချင်းခဏချိန်းရင်း နောက်ဆက်တွဲအနေနဲ့ သာမန်အရပ်သူလေး စတေးစီဟာ Belgravia နိုင်ငံက မင်းသားနဲ့အိမ်ထောင်ကျသွားရင်တော်ဝင်မိသားစုဖြစ်သွားတယ်....မင်းသမီးမာဂရက်ကတော့ အရပ်သားနဲ့ချစ်ကြိုက်ရင်း သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားပေမဲ့သူ့မရဲ့ Montenaro နိုင်ငံက ဘုရင်မ အရာကိုဆက်ခံဖို့အကြောင်းဖန်လာတဲ့အခါ သာမန်အရပ်သားချစ်သူနဲ့ပြတ်သွားတယ်..ဒါကို သိလို့မနေနိုင်တဲ့ စတေးစီက ကူညီဖို့ ကြိုးစားရင်း ၂၀၂၀ဇာတ်လမ်းကိုစထားပါတယ်...၂၀၁၈ ကားကိုမကြည့်ရသေးတဲ့သူတွေအဖို့ အညွှန်းဟာ အနည်းငယ်ရှုတ်ထွေးနိုင်လို့ ဇာတ်ကားကြည့်လိုက်ရင်တော့သဘောပေါက်သွားပါလိမ့်မယ်..ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို စိတ်လှုပ်ရှားစရာ Twistလေးတွေလည်းပါလို့ကြည့်ရအတော်ကောင်းပါတယ်...ဆောင်းရာသီရဲ့လှပတဲ့ရှုခင်းတွေခံစားရင် ပျော်ရွှင်ဖွယ်ဒီဇာတ်လမ်းကိုကြည့်ရှုရင်းStay Home ...
movie

The Princess Switch: Switched Again(2020)