Channel Myanmar

Julio Pachón

Un Rabon Con Corazon(2022) 6.5
Un Rabon Con Corazon(2022) Un Rabon Con Corazon(2022) **************************** အလှပဂေးလေးနဲ့ လူ့ဂွစာကြီးပါလို့ ကားနာမည်က အဓိပ္ပါယ်ရပါတယ်... အလှပဂေးလေးဆိုတဲ့အတိုင်း ကိုလံဘီယာမင်းသမီးချော Lina Tejeiroရဲ့အလှအပတွေကိုတစ်ကားလုံးတစ်ဝကြီးမြင်တွေ့ရမှာပါ...။ ရိုးရိုးယဥ်ယဥ်လေးကတစ်နည်း ဆွဲဆောင်မှုပြင်းပြင်းကတစ်ဖုံနဲ့ကို ခံစားရမှာပါ...။ ဇာတ်လမ်းထဲမှာတော့ သူဟာ အမျိုးသားထု အသုံးတော်ခံရွှေကြာလေးအဖြစ်သရုပ်ဆောင်ထားပြီးဘဝအတွက် ငွေရှာရင်းရုန်းကန်နေရသူပါ...။ တစ်နေ့မှာတော့ သူ့ဆီကို လူတစ်သိုက်က အလုပ်လာကမ်းလှမ်းပါတယ်...။ အလုပ်ကတော့ လူ့ဂွစာကြီးတစ်ယောက်ကိုပြုပြင်ပေးဖို့၊ လူ့ဂွစာကြီးနေထိုင်ရာတိုက်ခန်းကနေထွက်သွားအောင်ဖြားယောင်းပေးဖို့ပါ....။ ဒီလူ့ဂွစာကြီးကဟာ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ညကြီးအချိန်မတော်သီချင်းတွေအကျယ်ကြီးဖွင့်လို့ဖွင့်၊ ကားကိုလည်း စည်းမရှိကမ်းမရှိ အပေါက်ဝပိတ်ရပ်လို့ရပ်နဲ့၊ ပြောမကုန်တဲ့ နည်းမျိုးစုံနဲ့ သူ့အိမ်နီးချင်းတွေကို ဒုက္ခမျိုးစုံပေးသူပါ....။ ကြာတော့ အိမ်နီးချင်းတွေက မခံနိုင်ဖြစ်လာပြီး ရွှေကြာလေးကို ငှားကာ လူ့ဂွစာကြီးကိုနှင်ချဖို့ကြံပါတယ်....။ ဒီတော့ အလှပဂေးလေးနဲ့ လူ့ဂွစာကြီးဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုမင်းသမီးကြည့်ရရုံနဲ့တန်တဲ့ ဒီSpanish Comedy Movieလေးထဲမှာကြည့်ရှုလို့ရပါပြီ။File size… 1.5GB& 777MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre …..  Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by Phyo Pyae
movie

Un Rabon Con Corazon(2022)

The Initiated (2023) 5.6
The Initiated (2023) ဇာတ်လမ်းကတော့ Kashbah ဆိုတဲ့မြို့တစ်မြို့မှာဇာတ်အိမ်တည်ထားပြီး ပြည်သူတွေဟာမိုးဆက်တိုက်ရွာနေပေမဲ့ရေရှားပါးတဲ့ပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဘာလို့လည်းဆိုတော့ရွာနေတဲ့မိုးတွေကအဆိပ်သင့်နေတဲ့အက်စစ်မိုးတွေဖြစ်နေလို့ပါ ခေတ်ပျက်နေတဲ့အချိန်မှာမတော်လောဘသမားတွေနေရာယူလာပြီးအမှုမျိုးစုံဆက်တိုက်ပေါ်ပေါက်လာပါတော့တယ် ဖရန့်ခ်မိုလီနာဆိုတဲ့သတင်းထောက်နဲ့ဂါဘီဆိုတဲ့နပန်းမယ်တို့ဟာသူတို့သူငယ်ချင်းသေသွားရာကစလို့လူပျောက်တဲ့အမှုတွေလိုက်စုံစမ်းရာကနေတကယ့်အမှုကြီးတစ်ခုကိုအစသွားဖော်မိလျက်သားဖြစ်သွားပါတော့တယ်သူတို့နှစ်ယောက်ပေါင်းပြီးတရားခံ‌ကိုဘယ်လိုဖော်ထုတ်ကြမလဲ ဘယ်သူတွေကရောဒီလိုရက်စက်တဲ့အမှုတွေကျူးလွန်နေကြတာလဲဆိုတာကိုကြည့်ရှုရမှာပါ လူတွေရဲ့လောဘတွေ အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကိုမီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ် File size…(1.2 GB)/(690 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

The Initiated (2023)

The Hidden Face (2011) 7.4
The Hidden Face (2011) ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖာဘီယာဆိုတဲ့ မိန်းမလှလေးဟာ သူ့တို့ဆီမှာအရက်လာသောက်ရင်း အမူးလွန်ငိုကြွေးနေတဲ့ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ သံယောဇဉ်ကြီးမိရာကနေ သိလိုက်ရတာက အဲ့ဒီလူဟာ အေဒရီယန်ဆိုတဲ့ ဂီတမှူးတစ်ယောက်။ သူ့ အတူနေရည်းစားက သူ့နဲ့ ရှေ့မဆက်နိုင်တော့ပါဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားရာကနေပျောက်နေတယ်။ ရဲတွေကပါ လိုက်ပြီး အမှုဖွင့်စုံစမ်းကြရာကနေ ရက်ကြာလာတော့ အေဒရီယန်ကိုပါ သံသယတရားခံ အဖြစ် သတ်မှတ်ထားကြတဲ့ အခြေအနေ။ ဖာဘီယာဟာ အေဒရီယန်တို့ အိမ်မှာလိုက်နေဖြစ်တယ်။ သူ တစ်ယောက်တည်းရှိချိန်ဆိုရင် အိမ်ထဲက ထူးခြားတဲ့အသံတွေကြားရတယ်။ လျှပ်စစ်မီးတွေ ပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ..။ အေဒရီယန်ရဲ့ရည်းစားဟာ တကယ်ပဲ သူ့ဟာသူ အိမ်က ထွက်သွားတာလား? ဒီပျောက်ဆုံးမှုမှာ အေဒရီယန်ကိုယ်တိုင်ရော ရိုးသားရဲ့လား? သူတစ်ယောက်တည်းရှိချိန်တွေမှာ ကြားနေရတဲ့အသံတွေ ထူးခြားဖြစ်စဉ်တွေရဲ့ တရားခံက ဘယ်သူလဲ? အစကနေ အဆုံးထိ သိချင်စိတ်နဲ့ ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ ဥရောပကားတွေထုံးစံလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။  File size…(1 GB) and (480 MB) Quality….Blu-Ray 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias  
movie

The Hidden Face (2011)

2011