Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Won-joong
5.7
The Taste of Money (2012)
(18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie
The Taste of Money (2012)
7.0
Master(2016)
Master(2016)************Lee Byung-hun အဓိက ပါဝင်ထားတဲ့ ဒီအက်ရှင်ကားကြီးဟာBO လည်း ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးမွှမ်းခြင်းတွေလည်း ရရှိခဲ့ပါတယ်.. ဂျင်ယောင်းဖီဆိုတဲ့သူဟာ ပိရမစ်စနစ်ဆိုတဲ့ ငွေစုစနစ်တစ်ခုကိုတည်ထောင်ပြီးတော့တစ်နိုင်ငံလုံးကပြည်သူတွေဆီကနေ ငွေသန်းပေါင်းများစွာလိမ်ယူနေတာပါ။ဒါကို စုံထောက်ဂင်ဂျယ်မြောင်းဆိုတဲ့သူကသိပြီးတော့ ဖမ်းဖို့သက်သေရှာနေပါတယ်။သက်သေရပြီး ဖမ်းမိခါနီးမှာပဲ ဂျင်ယောင်းဖီက ပိုက်ဆံတွေယူပြီး ကိုးရီးယားနိုင်ငံကနေထွက်ပြေးသွားတာမလို့ စုံထောက်အဖွဲ့အရေးနိမ့်သွားရပါတယ်။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ စုံထောက်ဂင်ဂျယ်မြောင်းက လက်မလျော့ဘဲ ဂျင်ယောင်းဖီကိုဖမ်းဖို့အတွက် သူ့ကိုယ်ပိုင်အထူးအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။သူ့ရဲ့အဖွဲ့နဲ့အတူ ဖိလစ်ပိုင်မှာနောက်ထပ်လိမ်လည်မှုကျူးလွန်ဖို့ကြံစည်နေတဲ့ ဂျင်ယောင်းဖီကို ဘယ်လိုမိအောင်ဖမ်းမလဲ။ဉာဏ်အရမ်းထက်တဲ့ လူလိမ်ဂျင်ယောင်းဖီကရော ဘယ်လိုအကွက်တွေနဲ့လှည့်ထွက်ဦးမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။File Size :(2.6GB)(1.04GB) and (342MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:23:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
Master(2016)
7.0
I (2021)
I (2021) အညွှန်း*************မိဘမဲ့လည်းဖြစ် ကလေးပြုစုစောင့်ရှောက်နည်းသင်တန်းပါတက်ထားတဲ့ Ah young ဟာအလုပ်လိုက်ရှာရင်းနဲ့ ကလေးထိန်းအလုပ်ကိုရသွားပါတယ်.... သူထိန်းပေးရမယ့်ကလေးလေးရဲ့မိခင်ဟာလည်း ကလေးတစ်ဖက်နဲ့ တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေရတဲ့အရက်ဆိုင်ကအပျော်မယ် single mother တစ်ယောက်ပါ....၂ယောက်လုံးရဲ့ လက်ရှိအနေအထားတွေဟာ တခြားသူတွေထက်ပိုခက်ခဲနေတဲ့ အနေအထားတွေပေါ့...ဒီလိုနဲ့သူတို့ (၂)ယောက်ရင်းနှီးကြပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကြပေါ့...အဲ့ဒီနောက်မှာတော့ ရုန်းကန်နေရတဲ့သူတို့ အတွက် ပြဿနာအကြီးကြီးတွေရောက်လာတဲ့အခါမှာတော့...သူတို့ဘယ်လို ဖြေရှင်းကြမလဲ...မိန်းမသားတွေဖြစ်ပေမဲ့ လောကဒဏ်ကို ဘယ်ကြံ့ကြံ့ခံရင်ဆိုင်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ...ဒီကားထဲကသရုပ်ဆောင်မင်းသမီးတွေကတော့ နာမည်ကြီးတွေကြီးပဲမို့ ထွေထူးမညွှန်းတော့ပါဘူး ...File Size :(2.1GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ichika Satoru Encoded by Phyo Pyae
movie
I (2021)
6.9
The Client (2011)
movie
The Client (2011)
6.0
Arang (2006)
movie
Arang (2006)
7.2
ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။ File Size - 733 MB Quality - Bluray 720P Runtime - 1h 42min Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie
The President’s Last Bang (2005)
2005
5.4
Long Live the King ( 2019 )
Zawgyi*******ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦးကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးကခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာအချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာအတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် Unicode*******ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦးကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးကခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာအချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာအတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie
Long Live the King ( 2019 )
2019
6.7
Unbowed (2011)
တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမှာမေးခွန်းမှားယွင်းထုတ်ခဲ့တာကြောင့် ကျောင်းသိက္ခာမကျစေရန် ကျောင်းဘက်ကကာကွယ်မှုဟာ ကျောင်းသားတွေအတွက် နစ်နာမှုရှိတယ်လို့ အမှန်တရားဘက်က ရပ်တည်ချင်နေတဲ့ ပါမောက္ခဂင်ယောင်းဟို ... ကျောင်းသိက္ခာဆယ်ဖို့အတွက် အမှန်တရားကိုမျက်ကွယ်ပြုပြီး ပါမောက္ခဂင်ယောင်းဟိုကို ရာထူကနေပယ်ချခဲ့ပါတယ်။ ရာထူးပြန်ရဖို့တရားစွဲဆိုခဲ့ပေမဲ့ တရားသူကြီးဘတ်ဘုံးဂျူက ကျောင်းနဲ့ပူးပေါင်းပြီး ဂင်ယောင်းဟိုရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့်မကျေနပ်စိတ်နဲ့ဘတ်ဘုံးဂျူကိုသွားရောက်တွေ့ခဲ့တဲ့အခါမှာတော့ ဘတ်ဘုံးဂျူနဲ့ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ဘတ်ဘုံးဂျူမှတရားစွဲဆိုခဲ့ပါတယ်။ တရားခွင်တောက်လျှောက်သက်သေအလိမ်အညာတွေနဲ့ တရားသူကြီးရဲ့ဘက်လိုက်ပြီးနိုင်ထက်စီးနင်းပြုမူတာတွေပါတွေ့မြင်ရမှာပါ။ ထိုအမှုကိုပါမောက္ခဘက်ကရှေ့နေလိုက်ပေးတဲ့ရှေ့နေဘတ်ဂျွန်ကရော အမှုနိုင်အောင်စွမ်းဆောင်နိုင်ပါ့မလား ... ဘတ်ဘုံးဂျူကနစ်နာသူအစစ်အမှန်လား ... ပါမောက္ခကတကယ်ပြစ်မှုကျူးလွန်ခဲ့တာလား ... နောက်ဆုံးစီရင်ချက်ကရော ဘယ်လိုထွက်လာမလဲဆိုတာ လှည့်ကွက်မျိုးစုံနဲ့တွေ့မြင်ရမှာပါ ။ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Myat Noe MN ဖြစ်ပါတယ်
movie
Unbowed (2011)
2011
7.7
The Attorney(2013)
The Attorney(2013)IMDb...7.7,,,Rotten...73%ကိုရီးယားရဲ့ နာမည်ကျော်သရုပ်ဆောင်ဖြစ်တဲ့ Song Kang-ho ကို မသိရင်သာနေမယ်..သူသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးကားတွေဖြစ်တဲ့A Taxi driver,Memories of Murder ,The Host ,The Good, The Bad, the Weird ,Thirst စတဲ့ ဇာတ်ကားတွေကိုတော့မြန်မာ ပရိတ်သတ်တွေအနေနဲ့ သိကြမယ်ထင်ပါတယ်.. နှုတ်ခမ်းနီမလေးတွေ စွဲမက်လောက်စရာရုပ်ရည်မျိုးမရှိပေမယ့် ကျရာစရိုက်ကိုသူမတူအောင်အပီအပြင်ဆုံးသရုပ်ဆောင်နိုင်စွမ်းရှိလေတော့ သဘာဝမင်းသားကြီးလို့တောင် တင်စားကြပါတယ်...အခုလည်းThe Attorney(2013) မှာ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်....Rating တွေကလည်းမြင့် ဇာတ်လမ်းကလည်း ကောင်းတဲ့အပြင် သရုပ်ဆောင်ကလည်းမင်းသားကြီး Song Kang-ho ဆိုတော့ ထွေထွေထူးထူးတော့ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်...အထက်တန်းကျောင်းသာ အောင်တဲ့ ဆုန်းဝူရှစ် ဟာ တစ်ဆင့်ချင်းကြိုးစားပြီးနောက် ဝတ်လုံတော်ရ ရှေ့နေဖြစ်လာခဲ့ပါတယ် လက်ရှိမှာတော့ဘူဆန်မြို့မှာ အခွန်ဥပဒေနဲ့ပတ်သက်တာကို အဓိကထားလုပ်ဆောင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူရှေ့နေဖြစ်လာရတဲ့ တစ်ခုတည်းသော အကြောင်းက မိသားစုအတွက်ဝမ်းစာရှာနိုင်ဖို့ ငွေရဖို့ပါ ....ဒါကြောင့် သူဟာ ငွေရဖို့ဆို ဘာမဆိုလုပ်ပြီး သူ့ရုံးခန်းလူသိဖို့ လုပ်ငန်းလိပ်စာကဒ်တွေ လိုက်ဝေခဲ့ပါတယ်....သူ့ပုံစံက ရှေ့နေဆိုတာထက် စီးပွားရေးသမားတစ်ယောက်နဲ့ ...
movie
The Attorney(2013)
2013
6.0
Illang: The Wolf Brigade (2018)
Illang: The Wolf Brigade (2018)_____IMDb - 6.0/10 ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် ...
movie
Illang: The Wolf Brigade (2018)
2018
6.3
Detective K: Secret of the Lost Island (2015)
Detective K: Secret of the Lost Island (2015)____IMDb - 6.3/10 ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ ... အဲ့အချိန်က ဂျိူဆွန်းမှာ ငွေအတုပြသနာတွေပေါ် ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့ အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။ သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ် ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့ လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့် စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ...
movie
Detective K: Secret of the Lost Island (2015)
2015