Channel Myanmar

Junior Liem

Zodiac: What’s Your Sign? (2023) 6.8
Zodiac: What’s Your Sign? (2023)  အားလုံးပဲ ကိုယ်ရဲ့ Zodiac signနဲ့ ကိုယ့်ဖူးစာဖက် ရေစက်ပါမပါစစ်ကြည့်ဖူးကြတယ်မလား...။လိုက်ဖက်ညီတဲ့အတွဲဆို တစ်မျိုး တစ်ဖုံရင်ခုန်ရသလို၊ မလိုက်ဖက်ဘူးဆိုရင်လည်း အတွေးကြပ်ရပြန်ရောလေ...။ဒီဇာတ်ကားလေးထဲမှာတော့ Zodiac signလေးတွေနဲ့အညီ ဖူးစာဖက်ရှာမယ့်ကောင်မလေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ...။Zodiacရာသီခွင်က ၁၂ ခုရှိတာဆိုတော့ ကောင်လေးကလည်း ၁၂ ယောက်နဲ့သူတို့ရဲ့ အမူအကျင့် ၁၂မျိုးကို မြင်တွေ့ရမှာပါ...။ ဇာတ်လမ်းအကျဥ်းကတော့ အေရီရယ်ဟာ ခြေအိတ်ဆိုင်ပိုင်ရှင်လေးဖြစ်ပြီးအကြွေးဝိုင်းဝိုင်းလည်နေတာကြောင့် ဆိုင်ကို အကြွေးနဲ့သိမ်းခံရမယ့်အခြေအနေရောက်နေပါပြီ...။ဒီတော့ ပိုက်ဆံရှာဖို့အတွက် ယုံတမ်းစကားပြိုင်ပွဲလေးတစ်ခုကိုဝင်ပြိုင်ပါလေရော...။ပြိုင်ပွဲအကြောင်းအရာက ပတ်ဝန်းကျင်မှာ ပြောနေကျ ယုံတမ်းစကားတစ်ခုခုကိုဟုတ်လားမဟုတ်လား ဘလော့လေးရိုက်ပေးရမှာပါ...။အေရီရယ်ဟာ ဒီပြိုင်ပွဲအတွက် zodiacအရ မလိုက်ဖက်လည်း ဖူးစာဖက်ဖြစ်နိုင်ကြောင်းသက်သေပြတဲ့ ဘလော့လေးရိုက်ဖို့ zodiac sign 12မျိုး၊ ကောင်လေး ၁၂ယောက်နဲ့ချိန်းတွေ့ပါတော့တယ်...။အေရီရယ်တစ်ယောက် ဖူးစာဖက်ဆိုတာ zodiac signပေါ်ပဲ မမူတည်ကြောင်းသက်သေပြသွားနိုင်မလား၊ သူရဲ့ဖူးစာဖက်ဖြစ်လာမယ့်ကောင်လေးကရောဘယ်signလေးဖြစ်မလဲဆိုတာ ဟော့ဒီ Indonesian Comdey Romancemovie လေးထဲမှာ ကိုယ်တိုင်လိုက်ပါကြည့်ရှုလို့ရပါပြီ...။  File size…1.42GB / 685MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. ...
movie

Zodiac: What’s Your Sign? (2023)