Channel Myanmar

Jussi Vatanen

Fallen Leaves (2023) 7.5
Fallen Leaves (2023) Fallen Leaves (2023)~ IMDb - 7.5/10, RT - 98%, Meta - 86% ~" ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်... "ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ " ဘာဆိုင်လို့လွမ်းတာလဲ" ...
movie

Fallen Leaves (2023)

2023
Unknown Soldier(2017) 7.9
Unknown Soldier(2017) Unknown Soldier(2017) IMDb....7.9 (Blu-Ray(  1080p 5.1 CH, 720p) တို့ဖြင့်တင်ဆက်ထားပါသည်...)Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ..သို့ပေမယ့်  ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်းရခဲ့တဲ့အပြင် အခြားဆု(၆)ဆုလည်းဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်....ဖင်လန်နိုင်ငံရဲ့နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်.....ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့မဟာမိတ်ဖွဲ့ခဲ့ရတယ်..ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန်ကြုံတွေ့ခဲ့ကြရတယ်..၁၉၃၉ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ  ပြန်လည်သိမ်းပိုက်ဖို့အတွက်ချီတက်ခဲ့ကြပြီးတိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်...စစ်ပွဲကာလ အတောအတွင်းမှာ  ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ...ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်...ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်.....စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Zwel Zan Aung ဖြစ်ပါတယ်..File Size : (3.13GB)(1.26GB) Quality : Blu-Ray(  1080p 5.1 CH, 720p) Format…mp4 Duration…03:00:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Unknown Soldier(2017)

2017