Channel Myanmar

Justene Alpert

Old Dads (2023) 6.2
Old Dads (2023)  Ant Man ထဲမှာဇာတ်ပို့အဖြစ်နာမည်ကြီးတဲ့ Bobby Cannavale နဲ့အက်ရှင်ဇာတ်ကြမ်းတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့Bokeem Woodbine နဲ့ဟာသမင်းသား Bill Burr တို့သုံးယောက်ပေါင်းပြီးရိုက်ကူးထားတဲ့ Old Dads ဆိုတဲ့ဟာသဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအသက်ကြီးမှ အဖေထဖြစ်တဲ့ဂျက်ခ်ကော်နာနဲ့ မိုက်ခ်တို့သူငယ်ချင်းသုံးယောက်နဲ့ သူတို့မိသားစုအကြောင်းတွေကိုအဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။သူတို့ သူငယ်ချင်းသုံးယောက်က အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ကြပြီး အဲ့ဒီကုမ္ပဏီကိုရောင်းလိုက်ကြတဲ့အခါမှာတော့ အဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအဖြစ်နဲ့ ပြန်ပြီးအလုပ်ဝင်ရပါတော့တယ်။ပိုင်ရှင်ဘဝကနေ ဝန်ထမ်းဘဝရောက်သွားတာဆိုတော့ သူတို့ဘဝတွေကလည်း ပိုကြပ်တည်းလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ မိသားစုပြဿနာတွေနဲ့လုံးလည်ချာလည်ရိုက်ရင်း ဖြစ်လာတဲ့ပြဿနာတွေကလည်း မနည်းပါဘူး။ဒါပေမယ့်အဖေတွေဆိုတာက အဲ့လိုပြဿနာတွေကိုကျော်လွှားပြီး မိသားစုရဲ့တာဝန်ကို ကျေပွန်အောင်ကြိုးစားရတဲ့လူတွေပါပဲ။ဒီတော့ အဲ့ဒီအခက်အခဲတွေကို သူတို့ သူငယ်ချင်းသုံးယောက်ကျော်လွှားကြရင်းနဲ့ ဖြစ်လာတဲ့ရယ်စရာတွေ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ပြီးပညာပေးတဲ့အနေနဲ့ပါရိုက်ကူးထားတဲ့ လက်လွှတ်မခံကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.59GB / 735MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Old Dads (2023)

God’s Country Song (2023) 5.7
God’s Country Song (2023) God's Country Song (2023)ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ နိုအာဘရိုင်ယန် ကန်းထရီး အဆိုတော် ဖြစ်ချင်တာကလွဲပြီး တခြား ဘာဆန္ဒမှ မရှိသူရယ်ပါ။ ဒါပေမဲ့ ဒါတွေက သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေနဲ့ ပြန်မဆုံမိခင်အထိပါပဲ။သူ့ရဲ့မန်နေဂျာ လယ်ရီ ဝေါ့ကာ ရဲ့ အကူအညီနဲ့ သူဟာ နာမည်ကြီးတစ်ယောက်အဖြစ်ကို လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပါတယ်။ ရှိုးပွဲဆိုပြီး တစ်ညမှာ သူ မမှတ်မိတော့တဲ့ ဆုံးပါးသွားပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဆီမှာ သူ့ရဲ့သားဖြစ်သူ ၄ နှစ်သား ဂျေ‌ဂျေ ဆိုတဲ့ ကလေးလေး ရှိကြောင်း သတင်းစကား ကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ နိုအာ တစ်ယောက် ဘာတွေ ဆက်လုပ်တယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။ဒီဇာတ်ကားက သီချင်းကြိုက်သူတွေအတွက်ဆိုလည်း မမှားသလို မိဘမေတ္တာဖွဲ့ ကြိုက်သူတွေလည်း ကြိုက်ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | ...
movie

God’s Country Song (2023)

2023