Channel Myanmar

Justin Bruening

Reindeer Games Homecoming (2022) 6.9
Reindeer Games Homecoming (2022) Reindeer Games Homecoming (2022)ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်ဖို့အတွက် သူ့အဖေချစ်တဲ့ ကစားပွဲတွေကို အားကြိုးမာန်တက် ဆက်ဆော့ပြီး မြို့အတွက် ရန်ပုံငွေရှာပေးနေတဲ့ ကောင်မလေးမက်ခ်ဟာ တစ်နေ့မှာတော့ ကိုယ်ဝန်သည်အစ်မကို ကူညီပေးဖို့မြို့ကိုပြန်ရောက်လာတဲ့ သူ့အထက်တန်းကျောင်းတုန်းက ခရက်ရှ်လည်းဖြစ်၊ ငယ်သူငယ်ချင်းဟောင်းလည်းဖြစ်တဲ့ စူပါစတားနဲ့ပြန်ဆုံတွေ့ပြီး ခရစ္စမတ်မှာ ရန်ပုံငွေရှာတဲ့ပွဲအတွက် အတူတူဆော့ရင်းနဲ့ အတိတ်ကအနာဟောင်းကို ပြန်ဆွမိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ။မက်ခ်ဟာ ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်နဲ့ ငယ်ငယ်ကတည်းက အရမ်းကြိုးစားခဲ့ပြီး ဉာဏ်လည်းအရမ်းကောင်းပေမယ့် ဘာလို့ ဆရာဝန်အလုပ်မလုပ်ဘဲ အထက်တန်းကျောင်းမှာ ဆရာမဝင်လုပ်နေရတဲ့အကြောင်းအရင်းကရော ဘာကြောင့်ဖြစ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးခရစ္စမတ်ကားလေးကြည့်ပြီး ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 747MB | 359MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August
movie

Reindeer Games Homecoming (2022)

2022
Vanished: Searching for My Sister (2022)
Vanished: Searching for My Sister (2022)   ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။File size…(1.81GB)  / (`779MB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Action / Crime / Horror Subtitle….Myanmar ...
movie

Vanished: Searching for My Sister (2022)

He’s Out There 2018 6.2
He’s Out There 2018   CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ သွေးထွက်သံယိုတွေ များပြီး ထိတ်လန့်ရမယ် Horror ဇတ်လမ်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် အလုပ်များတဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ လော်ရာ ဟာ တစ်ရက်မှာတော့ အိမ်ခြံမြေဈေးကွက်ကနေ ပေါချောင်ကောင်းနဲ့ အိမ်တစ်လုံးကို ၀ယ်လိုက်နိုင်ပါတယ်.... အဲ့ဒီအိမ်ကို သွားကြည့်ဖို့အတွက် မိသားစုလိုက် ခရီးထွက်ချင်သော်လဲ လော်ရာ ရဲ့ ယောင်္ကျားမှာ အလုပ်ကိစ္စများရှိနေသဖြင့် နောက်ကျမှ လိုက်လာမည်ဟု ပြောပြီး သမီး ၂ ယောက်ဖြစ်သူ မက်ဒီ နဲ့ ကေလာ ကို အဖော်ထည့်ပေးလိုက်ပါတယ်.... ခြံဝန်းကြီးနား ရောက်တဲ့အခါမှာတော့ ထိုပတ်ဝန်းကျင်ကို လှည့်လည်စောင့်ရှောက်သူ အိုဝင် နဲ့ တွေ့ရှိပြီး သူတို့ သားအမိတွေကို ယခင် အိမ်ရဲ့ မိသားစု အကြောင်း ပြောပြကာ ထိုမိသားစုထဲမှ ဂျွန်နီဆိုသော ကလေးမှာ ငယ်ငယ်ထဲက ပျောက်ဆုံးသွားကြောင်း နောက်ဆုံးမှာ မိသားစုဝင်များသည်လဲ ထိုအိမ်အား ဈေးကွက်မှာရောင်းဖို့တင်ကာ ပျောက်ခြင်းမလှပျောက်ကုန်ကြတယ် လို့ အိုဝင် ဆီက သိခဲ့ရပါတယ်.... ထွေထွေထူးထူး ကိစ္စမဟုတ်တဲ့အတွက် လော်ရာ လဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကာ သမီးတွေနဲ့ အတူ ခင်ပွန်းဖြစ်သူ အလာကို စောင့်နေခဲ့ပါတယ်... ဒီလိုနဲ့ မိုးချူပ်ခဲ့တဲ့ အခါမှာတော့ သူတို့ ဘ၀ မှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ နဲ့ ကြုံတွေ့ခဲ့ရသောအခါ...            ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Shain Htet Naing ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie

He’s Out There 2018

2018
The Monster Project (2017) 4.4
The Monster Project (2017) ထိတ်လန့်စရာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းက ၂၀၁၇ August 18 မှာထွက်ထားတာဖြစ်ပြီး Action/ Horror အမျိုးအစားပဲဖြစ်ပါတယ်။မကောင်းဆိုးရွားတွေလိုဝတ်စားပြီး မကောင်းဆိုးဝါးအတုလုပ်ကာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ကာ ပိုက်ဆံရှာတတ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ် …တစ်နေ့တော့သူတို့နှစ်ယောက်ဟာ သူတို့ဗီဒီယိုတွေကို လူတွေပိုကြည့်စေချင်တဲ့အတွက် viwers များများရဖို့ရည်ရွယ်ချက်နဲ့ Documentary တစ်ခုရိုက်ဖို့ အကြံရကြပါတယ်…သူတို့က Documentary ကို Monster Project လို့အမည်ပေးပြီး ရည်ရွယ်ချက်ကတော့ တကယ့်မကောင်းဆိုးဝါးတွေကို ဖိတ်ခေါ်ပြီး အင်တာဗျူးလုပ်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်…ဒီလိုနဲ့သူတို့ဟာ အမေရိကန်တစ်ဝိုက်က မကောင်းဆိုးဝါးတွေဆက်သွယ်နိုင်တယ်ဆိုပြီး အွန်လိုင်းမှာတင်လိုက်ပါတယ်…မကြာခင်ပဲ သူတို့ကိုယ်သူတို့ မကောင်းဆိုးဝါးတွေလို့ပြောကြတဲ့ လူသုံးယောက်ဆက်သွယ်လာကြပါတယ်…ဒီလိုနဲ့နောက်ထပ်ရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ သူငယ်ချင်းလေးယောက်ဟာ အိမ်အိုကြီးတစ်ခုကို ရိုက်ကွင်းအတွက်ငှားရမ်းပြီး မကောင်းဆိုးဝါးသုံးကောင်နဲ့ အင်တာဗျူးဖို့ ဖန်တီးပါတော့တယ်..ဖြစ်ချင်တော့ ဒီ documentary ရိုက်ကူးမယ့်ညဟာ လကြတ်တာနဲ့ တိုက်ဆိုင်နေပါတော့တယ်..သူတို့ဖိတ်ခေါ်ထားတဲ့ မကောင်းဆိုးဝါးသုံးကောင်ဟာ လူတွေလား မကောင်းဆိုုးဝါးအစစ်တွေပဲလား..လကြတ်ညမှာ ဘာတွေဆက်ဖြစ်လာဦးမလဲ ဆိုတာတွေကိုတော့ ပိတ်ကားပြင်ပေါ်ဆက်လက်ကြည့်ရှူရင်ခုန်လှိုက်မောလိုက်ပါ တို့(ချန်နယ်) မြန်မာ…အယ်လယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size ...
movie

The Monster Project (2017)

2017