Channel Myanmar

K. Bhagyaraj

Kick (2023) 8.4
Kick (2023) Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်‌သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie

Kick (2023)

2023
Katharbasha Endra Muthuramalingam (2023)
Katharbasha Endra Muthuramalingam (2023) Kathar Basha Endra Muthuramalingam (2023) IMDb-5.4/10 Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့ မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီး ထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူက ဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာက ဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲက ယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာက ထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလို ရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်) File size…2.7GB / 1.43GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~YH
movie

Katharbasha Endra Muthuramalingam (2023)

Dada(2023) 8.5
Dada(2023) Dada (2023)IMDb-8.5/10ရုံတင်ငွေငါးဆမကမြတ်ခဲ့တဲ့ 2023 နောက်ဆုံးထွက် ဆယ်ကျော်သက်အချစ်ရူးလေး မာနီနန်ကန်နဲ့ စင်ဒူတို့ရဲ့ ဘဝဇာတ်လမ်းလေးဇာတ်လမ်းအညွှန်း မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီး ကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ် ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ် ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာ ပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါ အခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင် ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့ ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါ က‌ဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်..... လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ အချစ်ဟာ အငွေ့ပျံပြီး ရှောင်ပြေးသွားခဲ့တယ်...... File size…2.85GB  / 993MB Quality…1080p True WEB DL /720p Format…mp4 Duration…2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ Sai ThuRein
movie

Dada(2023)

2023
Hey! Sinamika (2022) 6.3
Hey! Sinamika (2022) Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာ‌ခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB  Quality…720p WEB DL  /  1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie

Hey! Sinamika (2022)

2022
Thupparivaalan 7.6
Thupparivaalan Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie

Thupparivaalan

2017
Ponmagal Vandhal (2020) 7.1
Ponmagal Vandhal (2020) (မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie

Ponmagal Vandhal (2020)

2020